Main menu

စံပယ်ပန်းပင် အကြောင်း

Powered by Drupal
Thu, 07/10/2025 - 11:02 -- consumer_admin
စံပယ်ပင်မှာ ချုံပင်တစ်မျိုးဖြစ်၏။ ရုက္ခဗေဒ အမည်မှာ “ ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်သည်။ စံပယ်အမျိုးအစားများမှာ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိ၊ စံပယ်နွဲ့၊ စံပယ်အိုးပုတ်ဟူ၍ စံပယ် အမျိုးမျိုးရှိသည်။ စံပယ်သည်မွှေးကြိုင်သော အဖြူရောင်ပန်းပွင့်၏ ။ စံပယ်ပင်သည် နွယ်ယောင် ပင်ယောင် အပင်မျိူးဖြစ်သည်။ ချုံပင်သဏ္ဍာန်ရှိပြီး တစ်ခါစိုက်ပျိုးထားရုံဖြင့်နှစ်ရှည်ရှင်သန်သော အပင်မျိုးဖြစ်သည်။ စံပယ်ပန်းရနံ့က စိတ်ကိုကြည်လင်အေးမြစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့ အတွက် အတော်များများက သူတို့အိမ်ခန်းပြတင်းပေါက်ရဲ့ အပြင်ဖက်ခြံဝင်းထဲမှာ စံပယ်ပန်းပို စိုက်ရတာကို နှစ်သက်တတ်ကြပါသည်။ တချို့မှာတစ်နိုင်တစ်ပိုင် စီးပွားအဖြစ်လည်းစိုက်ပျိုးကြပါ သည်။ ယခုအခါတွင် စံပယ်ပန်းကလေးများကို အပ်ချည်ကြိုးမျှင် ကလေးများဖြင့်သီကုံး၍ ဈေးများ တွင်လည်းကောင်း၊ ဘုရားများတွင်လည်းကောင်း ရောင်းချလျက်ရှိကြောင်းသတင်းရရှိပါသည်။ DOCA(ဧရာဝတီ)