Main menu

ပဒဲကောပင်အကြောင်းသိကောင်းစရာ

Powered by Drupal
Thu, 07/10/2025 - 10:36 -- consumer_admin
ပဒဲကောက အစာကြေစေနိုင်ပြီး အစာအိမ်ပြဿနာကို သက်သာစေနိုင်သလို၊ ဝမ်းပျက် ဝမ်းလျှောတာကိုလည်းအထိရောက်ဆုံး သက်သာစေနိုင်ပါသည်။ ကြို့ထိုးတာကိုသက်သာ စေဖို့အတွက်လည်း ပဒဲကောကို စားသုံးပေးလို့ရပါသည်။ ပဒဲကောပင်သည် ဂရုတစ်စိုက်ပြုစု ပြီးစိုက်ပျိုးစရာမလိုပါ။ ယခုမိုးဦးကာလတွင်စိုက်လျှင် ပိုမိုကောင်းမွန်ပါသည်။ အပင်ဖြစ်ပွား နှုန်းလည်း မြန်ဆန်စေပါသည်။ ပဒဲကောပင်၏ အသီးနှင့်အမြစ်ကို တို့စရာအဖြစ်စားသုံးကျသလို အပင်နု အပိုင်းများကို လည်း ဟင်းချိုအဖြစ်လည်း ချက်ပြုတ်စားသောက်လျှင် ထမင်းမြိန်ခံတွင်းရှင်း စေပါသည်။ ဈေးများတွင်လည်း ပဒဲကောအမြစ်ကို အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပဒဲကောတစ်စည်း လျှင် ပုံမှန်အားဖြင့် ၂၀၀-၃၀၀ ကျပ်ထိရှိကြောင်းသတင်းရရှိပါသည်။ DOCA(ဧရာဝတီ)