Main menu

ဉသျှစ်ပင်

Powered by Drupal
Mon, 06/30/2025 - 11:58 -- consumer_admin

    မြန်မာနိုင်ငံအတွင်း မိုးနည်းသောအရပ်ဒေသများတွင် ဉသျှစ်ပင်ကို အများဆုံးတွေ့ရပြီး မိုးများသောအရပ်ရှိခြံဉယျာဉ်များ၌လည်း တစ်ခါတစ်ရံ စိုက်ပျိုးထားတတ်ကြသည်။ ဉသျှစ်ပင်သည် အရွယ်အလတ်စားသစ်ပင်မျိုးဖြစ်ပြီး အစေ့ကိုစိုက်လျှက် အပင်သစ်ပွားအောင် ပြုလုပ်ကြသည်။ ဉသျှစ်ပင်၏အကိုင်းအခတ်များသည် ပျံ့ထွက်နေလျှင် အပင်သည်မကြီးထွားဘဲ အသီးနည်းတတ် သဖြင့် အကိုင်းအခက်များကို ချိုင်ပစ်ရသည်။ ဉသျှစ်သားသည် ဖြူရော်ရော်အဆင်းရှိပြီးမာသည်။ အနံ့သင်းပြီး အရောင်တင်နိုင်သောသစ်သားဖြစ်သည်။ ဉသျှစ်သားကို အိမ်ဆောက်ခြင်း၊ လှည်းနှင့် လှည်းဘီးများပြုလုပ်ခြင်း၊ ပန်းပုထုခြင်း စသည်တို့တွင် အသုံးပြုကြသည်။ ဉသျှစ်ရွက်နုများကို တို့စရာအဖြစ်ရောင်းချလေ့ရှိပြီး အချဉ်ဟင်းထဲတွင်လည်းထည့်၍ချက်စားလေ့ရှိကြသည်။ ဉသျှစ်ပင် သည် မတ်လမှမေလအတွင်း အသီးသီးလေ့ရှိပြီး သာမန်ကောင်းမွန်သော မြေဩဇာတွင်ဖြစ်ထွန်း သည်။ ဉသျှစ်သီးအမှည့်များကို မန်ကျည်းဖျော်ရည်ကဲ့သို့ဖျော်ရည်စိမ်၍သောက်လေ့ရှိပြီး ဝမ်းလည်း ကောင်းစေပါသည်။  ဉသျှစ်သီးစိမ်းကို ဝမ်းဗိုက်ရောဂါများအတွက်ချက်ဆေးအဖြစ်လည်း အသုံးပြု ကြသည်။ ဉသျှစ်သီးအမြစ်၏အခေါက်ကိုလည်းအဖျားပျက်ဆေးအဖြစ်အသုံးပြုနိုင်ပြီး ဉသျှစ်ပင်မှ လည်း သစ်စေးတစ်မျိုးကိုရရှိပါကြောင်း စာပေများမှ ဖတ်ရှု့လေ့လာမှတ်သားရပါသည်။

DOCA(မန္တလေး)