Main menu

ကွမ်းရွက်လေးကဒီလိုဆေးဖက်ဝင်တယ်

Powered by Drupal
Mon, 06/30/2025 - 11:56 -- consumer_admin

  ကွမ်းရွက်သည် ဆေးဖက်ဝင်သောအရွက်ဆိုတာကို လူတိုင်းနီးပါးသိပြီးသားဖြစ်ပါသည်။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်သော ဓာတ်တွေ အများကြီးပါဝင်ပါသည်။ ကွမ်းရွက်သည် အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါသည်။ ထို့အပြင်ကွမ်းရွက် သည် ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပြီး ဆေးဖက်လည်းဝင်ပါသည်။ ကွမ်းရွက်တွင် ဗီတာမင်C၊ thiamine၊ niacin၊ riboflavin၊ caroteneနှင့် ကယ်လ်ဆီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်နေပါသည်။ ကွမ်းရွက်သည်ခံတွင်းကျန်းမာစေနိုင်သလိုအသက်ရှူ လမ်းကြောင်းဆိုင် ရာရောဂါများကိုလည်းသက်သာစေနိုင်ပါသည်။ ကွမ်းရွက်၏ဆေးဖက်ဝင်အာနိသင်များမှာ သွေး တွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သောကြောင့်ဆီးချိုအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ ခန္ဓာကိုယ်၏အဆီများကို ကျဆင်းစေနိုင်သောကြောင့် ကိုယ်အလေးချိန်ကျဆင်းစေနိုင်ခြင်း၊ ကွမ်းရွက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်အနည်းငယ်နှင့်ထည့်သောက်သုံးမည်ဆိုလျှင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အနာကျက်မြန်စေခြင်း၊ ခေါင်းကိုက်သက်သာစေခြင်း၊ သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း၊ ခံတွင်းကျန်းမာရေးကိုကောင်းစေခြင်း၊ ချောင်း ဆိုးသက်သာစေခြင်း၊ ဝက်ခြံသက်သာစေခြင်း၊ နားကိုက်ခြင်းကိုသက်သာစေနိုင်ခြင်း၊ ဝမ်းမှန် စေနိုင်ခြင်းနှင့် နှာခေါင်းသွေးလျှံခြင်းကိုသက်သာစေခြင်းစသည့် ကျန်းမာရေးအကျိုးများစွာ ကိုရရှိ စေနိုင်ပါသည်။

DOCA(မန္တလေး)