Main menu

သစ်တိုသီးရဲ့ ကျန်းမာရေး

Powered by Drupal
Mon, 06/30/2025 - 11:52 -- consumer_admin

  သစ်တိုသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ အပြင်ငပိချက်ချက်စား ခြင်း၊ သစ်တိုသီးကို ငါးပိကြော်ခြင်း၊ အချဉ်ပေါင်းလုပ်စားခြင်းတို့ဖြစ်သည်။ သစ်တိုသီးမှာ ဗီတာမင်ဘီနှင့်ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သောကြောင့် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေနိုင်ခြင်း၊ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ်၊သံဓာတ်၊ ဖော့စဖရပ်စ်တို့လည်း ထိုက်သင့်သလောက်ပါဝင်ပါသည်။  သစ်တိုသီးကို အိန္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိမ်းပဲဖြစ်ဖြစ် ချက်ပြုတ်ပြီး နှစ်ခြိုက်စွာ စားသုံးကြသည်။ သစ်တိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးမှာ ကြွက်သားနှင့်အာရုံကြောကျန်းမာ စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း၊ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း၊ သွားကျန်းမာ စေခြင်း၊ ကိုလက်စထရောကျစေခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်တာကို ကုသနိုင်ခြင်း၊ အရိုးကျန်းမာ စေခြင်း တို့ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)