
သခွားမွှေးသီးသည် အသီးအားလုံးထဲတွင် ဗီတာမင်အေ အများဆုံးပါဝင်သော အသီးတစ်မျိုးဖြစ်ပါသည်။ ဗီတာမင်အေ ပါဝင်မှုများလွန်းသောကြောင့် လွန်ကဲစွာမစားသုံးသင့်သော်လည်း အသင့် အတင့်စားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။ သခွားမွှေးသီးကို စားသုံးပေးခြင်းဖြင့် အသားအရေကို ကျန်းမာလှပစေခြင်း၊ ဗီတာမင်အေပါဝင်မှု့များသောကြောင့် အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကူးစက်ရောဂါများမှ ကာကွယ် ပေးခြင်း၊ သွားနှင့်သွားဖုံးကျန်းမာစေခြင်း၊ သခွားမွှေးသီးတွင် ဗီတာမင်ကေ၊ဗီတာမင် B6၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နှင့် သိုင်ယာမင်းဓာတ်များစွာပါဝင်သောကြောင့် သွေးအားနည်းရောဂါ များမှ ကာကွယ်ပေးခြင်း၊ အနာကျက်မြန်စေခြင်း၊ ပိုတက်ဆီယမ်ဓာတ်ပါဝင်သောကြောင့် သွေးဖိ အားကိုလျော့ကျစေခြင်း၊ ခြေထောက်ကြွက်တက်ခြင်းမှကာကွယ်ပေးခြင်းနှင့် ဆီးလမ်းကြောင်းပိုး ဝင်ခြင်းမှလည်းကာကွယ်ပေးနိုင်ခြင်း စသည့်ကျန်းမာရေးအာနိသင်များစွာ ရရှိနိုင်ကြောင်း စာအုပ် စာပေများမှလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)