
ပုန်းညက်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး ပင်စည်မှာကောက်ကွေ့သည်။ အခေါက်မှာ မီးခိုး ရောင်ရှိပြီး ချောမွတ်သည်။ အပင်မှာ ပယင်းရောင်အစေးတစ်မျိုးထွက်သည်။ အရွက်မှာ အရွက်ဆိုင် ထွက်ပြီး ဘဲဉပုံသဏ္ဍာန်ရှိပြီး ရွက်ရင်းဝိုင်းပြီး ရွက်ထိပ်ချိုင့်သည်။ အလျား ၄လက်မ မှ ၈ လက်မ အထိရှည်ပြီး အနံ ၃ လက်မ မှ ၄ လက်မ အထိရှည်သည်။ အရွက်မျက်နှာ နှစ်ဖက်စလုံးမှာ ပြောင်ချောပြီးအပေါ်မျက်နှာပြင်မှာ တောက်ပသောအစိမ်းရောင်ရှိသည်။ ထင်ရှားသောရွက်ကြော များသည် များစွာဖြာထွက်လျက်ရှိပြီး အပွင့်မှာအဖြူရောင်ရှိ၍ ဝတ်ဆံသည်အဝါရောင်ဖြစ်သည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များမှာ ၄ခုစီရှိပြီး ဝတ်ဆံများစွာရှိ၍ အစု၄စုတွေ့ရသည်။ ပုန်းညက်ပင်၏ အရွက်၊ အစေ့ ၊ အခေါက် အားလုံးကိုအသုံးပြုနိုင်သည်။ ပုန်းညက်ပင်သည် အပူပိုင်းရာသီဉတုနှင့် စွတ်စိုသော ပင်လယ်ကမ်းခြေဒေသများ၌ ဖြစ်ထွန်းသည်။ ပုန်းညက်ပင်သည် သဘာဝအလျောက်ပေါက် ရောက်သော အပင်မျိုးဖြစ်ပြီး အချို့ဒေသများ၌ စိုက်ပျိုးကြကြောင်း စာပေများမှ လေ့လာသိရှိရ သည်။
DOCA(မန္တလေး)