Main menu

ဆိတ်ဖလူးပင်

Powered by Drupal
Mon, 06/30/2025 - 10:49 -- consumer_admin

   ဆိတ်ဖလူးပင်သည် ညအခါတွင်အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟုအမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟုခေါ်သည်။ အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊ နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင်ပေါက်ရောက်သည်။ အပင်သည်အပင်ပုမျိုးဖြစ်ပြီး (၁၀)မီတာ အထိအမြင့်ရှိသည်။ ပင်စည်သည်မီးခိုရောင်ရှိပြီး အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ကာ    ၆ စင်တီမီတာမှ   ၁၂ စင်တီမီတာအထိရှည်လျားပြီး ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာ အထိ ဗြက်ကျယ် သည်။ ဆိတ်ဖလူးပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များမှာ ၅ခုမှ၈ခုအထိရှိပြီး အလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။ အပွင့်များသည် ၂ပွင့်မှ ၇ပွင့်အထိ အဆုပ်လိုက်ပွင့်သည်။ ညနေစောင်းမှစတင်ကာ နံနက်အာရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်းအပွင့်များပွင့်သည်။  ဆိတ်ဖလူး သီးသည် ၂ စင်တီမီတာရှိသော အသည်းပုံသဏ္ဍာန်ရှိပြီး ပြားချပ်သည့်သဏ္ဍာန်ရှိသလို လုံးဝန်းသည့် သဏ္ဍာန်လည်းရှိသည်။ အသီးသည် ၂ခုတွဲဖြစ်ပြီး တစ်ခုစီတွင်အစေ့တစ်စေ့စီပါရှိကြောင်း စာပေများ မှ‌လေ့လာသိရှိရပါသည်။ 

DOCA(မန္တလေး)