ကမ်းဇော်ဆီကို မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှာ အများဆုံးပေါက်ရောက်သည့်အပင်ဖြစ်သည်။ အထူးသဖြင့် မြေနိမ့်ချိုင့်ဝှမ်းဒေသများ ရွံနွံပေါပြီး စိုစွတ်သောဒေသ၊ ပင်လယ်ရေငံကမ်းစပ်နှင့် ကုန်းတွင်းပိုင်းတွေမှာလည်း ပေါက်လေ့ရှိပါသည်။
ကမ်းဇော်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်ပြီး ပေ၁၀၀ကျော်အထိမြင့်ပြီး နှစ်ရှည်ပင် အမျိုးအစားဖြစ်သည်။ အရွက်သည် အစိမ်းရင့်ရောင်ရှိပြီး အရွက်ထိပ်ပိုင်းချွန်ပါသည်။ အရွက် အရှည်မှာ (၈)လက်မ အနံ(၂)လက်မ ရှိပါသည်။ မြင်သာသည့် ပုံကတော့ ဌက်မွေးပုံဖြစ်ပါသည်။ တပိုးတွဲလနှင့် တပေါင်းလတို့မှာ အဝါနုရောင်အပွင့်စပွင့်ပြီး တပေါင်းလမှာ အသီးစသီးသည်။ ကဆုန်၊နယုန်လများတွင် အသီးများကြွေကျပြီး ကြွေကျချိန်တွင် ထိုအစေ့များကို ကောက်ယူ၍ (၃)ရက်ခန့်နေလှမ်းပြီးပါက ရွေအိုရောင် အဖြစ်ပြောင်းလဲသွားပြီး အထဲကအဆံခြောက်သွားပါက အစေ့ကိုဆီကြိတ်ပြီး ကမ်းဇော်ဆီထုတ်ယူရပါသည်။
ကမ်းဇော်ဆီသည် အလွန်ဆေးဖက်ဝင်ပြီးး ထိခိုက်ရှနာများကို အထူးလျင်မြန်စွာ ကျက်စေနိုင်သော အစွမ်းရှိပါသည်။ ဝမ်းတွင်းမှာ ဖြစ်တတ်သောအဖုအကြိတ်များ၊ အစာအိမ်နာ၊ ချောင်းဆိုးသွေးပါရောဂါများတွင် အဆီလက်ဖက်ရည်ဇွန်း(၁)ဇွန်းနှင့် ပျားရည်(၁)ဇွန်းရောစပ်ပြီး တစ်နေ့ (၃)ကြိမ်သောက်သုံးပါက သက်သာစေနိုင်ပါသည်။ အပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ မီးလောင်ခြင်း၊ ထိခိုက်ရှနာများတွင် ဝါဂွမ်းသန့်သန့်နှင့် ဆွတ်၍ လိမ်းပေးပါက သက်သာစေပါ သည်။ နှလုံးသည်းခြေအားနည်းခြင်း၊ ကင်ဆာရောဂါအမျိုးမျိုး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ နာတာရှည်၊ အဆုတ်ရောဂါအမျိုးမျိုးကိုလည်း သက်သာပျောက်ကင်းကြောင်း ရေးသားလိုက်ရပါသည်။
DOCA(တနင်္သာရီ)