ဂေါ်ဖီထုပ်သည် ဂေါ်ဖီပွင့်၊မုန်ညှင်း၊စမုန် စသည်တို့နှင့်အတူ ကရူစီဖာရီးမျိုးရင်းတွင် ပါဝင်ပါသည်။ဂေါ်ဖီထုပ်ကို မုန်လာထုပ်ဟူ၍လည်းခေါ်သည်။ ဂေါ်ဖီထုပ်သည် ရေမတင်နိုင်သော မြေနု မြေမွများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ဂေါ်ဖီထုပ်တွင်အာဟာရဓါတ်များစွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီထုပ်ပင်များကို မျိုးကွဲများ ဖြစ်ထွန်းအောင်ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ဂေါ်ဖီထုပ်တွင်အခြားအပင်များထက်လတ်ဆတ်သောအစာပို၍ ပါရှိသည်ဟု ဆိုစမှတ်ပြုကြ သည်။
ဂေါ်ဖီထုပ်သည် ထုတ်လုပ်မှုနှင့် သိုလှောင်သိမ်းဆည်းရာတွင် လွယ်ကူပြီး များပြားလှသော ရာသီဥတု အခြေအနေနှင့်မြေအခြေအနေကို လိုက်လျောညီထွေမှုရှိသည့်အပြင် ဟင်းသီးဟင်းရွက် တွင်ပါဝင်သောအာဟာရဓာတ်မြှင့်မားမှုကြောင့် ဝယ်လိုအားများပြီးဈေးကွက်ကြီးမား၍ စီးပွားဖြစ် စိုက်ပျိုးနိုင်သော လူကြိုက်များသည့်ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင်ကြွယ်ဝစွာပါဝင်သော မိုလီဖီနောသည် သွေးတွင်းရှိမကောင်းသောကိုလက်စထရောဓာတ်ကို လျော့နည်းစေပြီး သွေးဖိအားပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်းသိရသည်။ဂေါ်ဖီထုပ်ကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာ ကြော်ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြုအာဟာရဓာတ်များ ဆုံးရှုံးနိုင်သည်။
ဂေါ်ဖီထုပ်တွင် အစာခြေစနစ်ကိုအားဖြည့်ပေးသည့်ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါသည်။အူတွေကိုလှုပ်ရှားမှုကောင်းစေပြီး အူနံရံတွေကိုအာဟာရဓာတ်ပြည့်ပြည့်ဝဝစုပ်ယူနိုင် စေသလို ဝမ်းကိုလည်းမှန်စေနိုင်၍ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီးဂေါ်ဖီထုပ်မှာဒြပ်ပေါင်းပါဝင်နေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သလို ခေါင်းကိုက်ခြင်း၊အစာအိမ်ရောဂါ၊ နားအူခြင်းနှင့်အရက်နာကျခြင်းတို့ကို ကုစားနိုင်သောအသီးအရွက်တစ်မျိုးဖြစ်ကာ ဗီတာမင်C၊ဗီတာမင်A တို့ ကြွယ်ဝစွာပါဝင်နေသောကြောင့် ကိုယ်ခံအားကိုအကောင်းဆုံးအား ဖြည့်ပေးနိုင်ပြီး အာဟာရ ဓာတ်များစွာပါဝင်နေသောကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ကြောင်း သိရှိရပါသည်။ ဂေါ်ဖီ ထုပ်သည် အိုမင်းမှုကိုကာကွယ်ပေးနိုင်ပြီး ရောင်ယမ်းခြင်းကို သက်သာစေကာ အရေပြားပေါ်ရှိ ပျက်စီးနေသောဆဲလ်များကိုပြန်လည်ပြုပြင်နိုင်သည့် အစွမ်းရှိပြီး အရွယ်တင်နုပျိုစေသော သတ္တိရှိသည်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တော်တော်များများက အနာကျက်စေနိုင်တဲ့ အာနိသင် ရှိပါ သည်။အချဥ်စိမ်ထားတဲ့ဂေါ်ဖီထုပ်ကို စားပေးရင် အစာခြေစနစ်ကျန်းမာတာအပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသလို အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါသည်။ဟင်းသီးဟင်းရွက်တွေကို ပုံမှန် စားသုံးပါကကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်သောကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(တနင်္သာရီ)