
စပါးလင်သည် စိုက်ပျိုးရလွယ်ကူသော အပင်ဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ ဆေးဖက် ဝင်သောအပင်ဖြစ်ကြောင်း၊ ဒူးနာ၊ဂေါက်(Gout)ရောဂါ၊ ခြေထောက်နာ၊ အဆစ်အမြစ်နာ၊ ခါးနာ၊ ခြေဖနောင့်နာ၊ ခြေဖဝါးနာ၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းနှင့် ခြေထောက်ဆွဲခြင်းတို့ဖြစ်ပါက စပါးလင်ပြုတ်ရည်သောက်ခြင်းဖြင့် သွေးထဲကယူရစ်အက်ဆစ်တွေကို သန့်စင်ပေးကြောင်း သိရှိရသည်။
စပါးလင် ၄-၅ပင်ကို ရေ နှစ်လီတာနှင့်ရောပြီး ဆူပွက်လာသည်အထိ ပြုတ်ပါ။ ဆူပွက်လာ ပါက မီးလျှော့ပြီး (၁၅)မိနစ်ခန့်ကြာသည်အထိ ဆက်လက်ကျိုချက်ပါ။ ကျိုချက်နေစဉ်အတွင်း အိုးအဖုံးကို လုံးဝဖွင့်မကြည့်မိစေရန် သတိပြုပါ။ ထို့နောက် (၁၅)မိနစ်ပြည့်လျှင် အအေးခံပြီး သောက်သုံးပါက ဖော်ပြပါဝေဒနာများ သက်သာပျောက်ကင်းကြောင်း၊ တစ်ပတ်ခန့်ကြာသည်အထိ ရေအစားထိုးအဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး နာကျင်မှုများ သက်သာပျောက်ကင်းကြောင်း သိရှိရသည်။
DOCA(မန္တလေး)