လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ ဝမ်းဗိုက်မှာအဆီတွေစုပါများပြီး အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ လူအများစု သတိမထားမိကြသေးတဲ့ အကြောင်းတစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီး တွေ ကြီးမားတုတ်ခိုင်လွန်းနေလို့ ဗိုက်ပူထွက်နေကြရခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီး လာလို့ ဗိုက်ပူထွက် လာကြရသူတွေဟာအဲဒီအူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ဖြစ်ရတာ များပါတယ်။ အူမကြီးတွေဘာကြောင့်ကြီးမားတုတ်ခိုင်လာကြရတာလဲ။ ဖြစ်စဉ်ကတော့အနှစ်နှစ် အလလ အစားအစာ တွေကိုစားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။ အစာစားလိုက်တဲ့ အခါမှာ အစာ ဟောင်းတွေဟာ အူမကြီး ထဲကိုရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီအစာဟောင်းတွေဟာ ရှေ့ကို မြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။ သို့သော်လဲ လူကရေသောက် နည်းခြင်း၊ အမျှင်စာစားတာ နည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာ ရှေ့ကိုမြန်မြန်မတိုးနိုင်ကြဘူး။ အဲဒီအခါမှာ အူမကြီးအတွင်းနံရံတွေမှာ မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတမ်းဖြစ်လာတာကြာတော့ အူမကြီးတွေ အလုံးတုတ် တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာပါ တော့တယ်။ ဥပမာ သံကောင်တွေအများကြီးရှိတဲ့ ကလေး တွေ ဗိုက်ပူနေတဲ့ပုံစံမျိုးပါပဲ။ လူတစ်ယောက် ရဲ့ အူအရှည်ဟာ ၂၆ ပေကနေ ပေ ၃၀ လောက် အထိရှည်ပါတယ်။ အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက် လာပါတော့တယ်။ အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ လူကိုရောဂါများစေပြီး အသက် လည်းတိုတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့အဆိပ် အတောက်တွေဟာ အူနံရံတွေကနေဝင်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမစင်ချိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မြန်မာ့ နည်းမြန်မာ့ဟန်နဲ့ ဖယ်ရှားရှင်းလင်းလို့ရနိုင်တဲ့ နည်းလမ်းကို မျှဝေပေးလိုပါတယ်။
မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေထဲမှာ ထမင်းဝိုင်းကို အလွန်မြိန်စေတတ် တဲ့ ကင်ပွန်းချဉ်ကို မကြိုက်သူ မရှိသလောက်ပါပဲ။ ကြော်ချက်အဖြစ်လည်းကောင်း၊ ဟင်းချိုအဖြစ် လည်းကောင်း ချက်စားကြပါတယ်။ ကင်ပွန်းချဉ်ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ် အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး နေ့လယ်ထမင်း စားချိန်မှာ ထမင်းနဲ့အတူ အားရပါးရ များများစားသောက်ပါ။ ကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင် မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။ ရှေ့ကဆပ်ပြာနဲ့နှူးထားပြီး နောက်က တံမြက်စည်းလှည်း သန့်ရှင်းရေး လုပ်ပေးသကဲ့သို့ အကျိုးသက်ရောက်ပါတယ်။ ညနေဘက်မှာ အူတွေလှိုင်းထအောင် လမ်းလျှောက် ထွက်ပေးပြီး ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်နေ့မနက် ဝမ်းသွားတဲ့အခါ အူမကြီးထဲကမစင်ချိုးတွေ အကျိအချွဲ၊ အရိအရွဲအဖြစ် ထွက်ကျလာလိမ့်မယ်။ ဝမ်းခိုင်တဲ့လူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးတဲ့အခါ တစ်နှစ်လောက်အကြာမှာ သိသိသာသာ ဗိုက်ချပ်လာပြီး နေလို့ထိုင်လို့လည်းကောင်းသွားမှာ ဖြစ်ပါ တယ်။ အသက်ကြီးလာလို့ ဗိုက်ပူလာသဖြင့် အစားလျှော့စားပေမဲ့ ဗိုက်မချပ်သူများအနေဖြင့် ယခုဖော်ပြပါ ကင်ပွန်းချဉ်ရွက်ကို ချက်ပြုတ်စားသောက်ခြင်းဖြင့် ကျန်းမာရေးချမ်းသာသုခများ ရရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
DOCA(မန္တလေး)