Main menu

အုန်းစိမ်းရည်

Powered by Drupal
Thu, 06/26/2025 - 13:19 -- consumer_admin

   အုန်းစိမ်းရည်ကို ရှေးနှစ်ပေါင်းများစွာထဲကကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သောကြောင့် လူအများကနှစ်ခြိုက်စွာ သောက်သုံးခဲ့ကြသည်။ အုန်းစိမ်းသီးတစ်လုံးတွင် အရည်ဓာတ် ၂၀၀မီလီမီတာမှ ၁၀၀၀မီလီမီတာ အထိပါဝင်ပါသည်။ အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုးဖြစ်ပြီး အုန်းစိမ်းရည်သည် အုန်းသီးခြောက် ရည်ထက် အာဟာရဓာတ်များပိုမိုပါဝင်ပါသည်။ အုန်းစိမ်းရည်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းများ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်ဓာတ်စသည့် သတ္ထုဓာတ်များစွာ ပါဝင်ပါသည်။ အုန်းစိမ်းရည်တွင်ပါသော အာဟာရဓာတ်များက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး cytokinin ဟုခေါ်သော အပင်ဟော် မုန်းတစ်မျိုးကလည်းအရွယ်တင်နုပျိုစေသလို ဘတ်တီးရီးယားနှင့် ကင်ဆာရောဂါများကို တိုက်ဖျက် ပေးနိုင်သော အစွမ်းလည်းရှိပါသည်။ အုန်းစိမ်းရည်သည် အပူဒဏ်ကြောင့် ရေငတ်ခြင်းကို သက်သာစေနိုင်သော သဘာဝအချိုရည်တစ်မျိုးဖြစ်ပြီး  electrolyte composition များကြောင့် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် အလွန်အမင်းချွေးထွက်ခြင်းများကြောင့် ခန္ဓာကိုယ်မှဆုံးရှုံးသွား သော ရေဓာတ်ကိုလည်းပြန်လည်ဖြည့်တင်းပေးပါသည်။ ကိုလက်စထရောနှင့် အဆီပါဝင်မှုနည်း သောအုန်းစိမ်းရည်သည် နှလုံးကိုကျန်းမာစေနိုင်ပြီး  ခန္ဓာကိုယ်အတွက်အကျိုးမပြုသော ကိုလက် စထရောကိုလျော့ကျစေကာ အကျိုးပြုကိုလက်စထရောကိုတိုးစေနိုင်သောကြောင့် နှလုံးရောဂါခံ စားရနိုင်ခြေကို လျော့ကျစေပါသည်။ ကိုယ်အလေးချိန်ကျလိုသူများအနေဖြင့်လည်း အုန်းစိမ်းရည်ကို သောက်သုံးပေးနိုင်ပါသည်။  ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းမှ မလိုအပ်သောအရည်များနှင့် အဆိပ်အတောက်များကိုစွန့်ထုတ်ပေးပါသည်။ ရေဓာတ်ဆုံးရှုံးခြင်း ကြောင့် ဖြစ်တတ်သော ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများကိုလည်း အုန်းစိမ်းရည်ကို သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ထို့အပြင်အုန်းစိမ်းရည်ကိုသောက်သုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ လေပွခြင်းကိုသက်သာစေနိုင်ခြင်း၊ အယ်လ်ဇိုင်းမား ကဲ့သို့ အာရုံကြောထိခိုက်ပျက်စီးမှုရောဂါများကို ကုသရာတွင် အထောက်အကူဖြစ်နိုင်ခြင်း၊ မျက်လုံး ကျန်းမာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးရွှင်စေခြင်းနှင့် အရွယ်တင်နုပျိုစေခြင်းစသည့်အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ သို့ရာတွင် အုန်းစိမ်းရည်ကို သတိထား သောက်သုံးရမည့်အချက်များလည်းရှိပါသည်။ သစ်သီးသစ်စေ့များနှင့်ဓာတ်မတည့်သူများ၊ အုန်းစိမ်း ရည်သည် ခွဲစိတ်မှုခံယူပြီးချိန်နှင့် ခွဲစိတ်မှုခံယူနေစဉ်တွင် သွေးပေါင်ထိန်းညှိမှုကိုအနှောက်အယှက် ဖြစ်စေနိုင်သောကြောင့် ခွဲခန်းမဝင်ခင် (၂)ပတ်အလိုလောက်ကတည်းက အုန်းစိမ်းရည်ကို မသောက်သုံးသင့်ပါ။   ထို့ကြောင့် အုန်းစိမ်းရည်သည်ကျန်းမာရေးအကျိုးကျေးဇူးများသလို သထိ ထားသောက်သုံးရမည့်အချက်များလည်းရှိကြောင်းကို စာပေများမှလေ့လာဖတ်ရှု့မှတ်သားရပါသည်။

DOCA(မန္တလေး)