
မုန်လာဥဖြူသည်ကျောက်ကပ်ရောင်သည်ဖြစ်စေ၊ကျောက်ကပ်ကျောက်တည်သည် ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ၊ခါးကိုက်ခြင်း၊နှုံးချိအော့အန်ခြင်းသက်သာစေနိုင်သည်။ မုန်လာဥဖြူ တစ်လုံးကိုသန့်စင်စွာ ဆေးကြောပြီးရေအနည်းထည့်၍ ကြိတ်ချေပါ အဖတ်များစစ်ထုတ်ပြီး အရည်သောက်ခြင်း၊ ၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည့်နှင့် ခါးနာ၊ ခါးကိုက်ပျောက်ကင်း သက်သာ စေနိုင်ခြင်း၊ ကြိတ်ရည်သည် ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးခြင်း၊ အူကျရောဂါများလည်း အသုံးပြုနိုင်သည်။ မုန်လာဥစားသုံးခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ ကင်ဆာရောဂါမဖြစ် စေရန် ကာကွယ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကျောက်ကပ်ကျန်းမာ စေခြင်း၊ သွေးပေါင်မှန်စေခြင်း၊ ဝမ်းမှန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ အသားအရည်စိုပြေ လှပစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း တို့ဖြစ်သည်။ အသုံးမပြုမီ ပိုးသတ်ဆေးကင်းစင်အောင် သေချာဆေးကြောသန့်စင်ပေးရန် အထူးသတိပြုရမည် ဖြစ်ပါကြောင်း သိရှိရသည်။
DOCA(မန္တလေး)