Main menu

ကြက်ဟင်းခါးသီးရဲ့ အစွမ်း

Powered by Drupal
Thu, 06/26/2025 - 13:15 -- consumer_admin

  ကြက်ဟင်းခါးသီး၏ စွမ်းပကားသည် ခါးသက်သက်အရသာရှိသည့် ကြက်ဟင်းခါးသီး၏ အပူပိုင်းစိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး ကြက်ဟင်းခါးသီးမှာ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိသည်။ ကြက်ဟင်းခါးမှာ ကယ်လိုရီပါဝင်မှု အလွန်လျှော့နည်းသည်။ တန်ဖိုးရှိသည့် အာဟာရ ဓာတ်တွေအများအပြားပါဝင်ပါသည်။ ဗီတာမင်B1,B2,နှင့်B3၊ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ် အက်ဆစ် နဲ့အမျှင်ဓာတ်တို့ကောင်းစွာပါဝင်ပါသည်။ ကြက်ဟင်းခါးသီးမှာ သွေးတွင်းသကြား ဓာတ်ကိုကျစေတဲ့ အာနိသင်ရှိသလို အင်ဆူလင်ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်သောကြောင့် ဆီးချို ရောဂါရှိသူတစ်ချို့ အတွက်ကောင်းကျိုးရှိကြောင်းသိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများမှာ သွေးပြဿနာများ၊ ကာလဝမ်းရောဂါ၊ ဆီးချိုရောဂါ၊ သက်လုံကောင်းမွန်စေခြင်း၊ အသည်းကိုသန့်စင် စေခြင်း၊ ကိုယ်ခံစွမ်းအားကောင်းမွန်စေခြင်း ၊လိပ်ခေါင်းရောဂါ၊ အရေပြားအနာတွေကိုသက်သာ စေခြင်း၊ အသက်ရှုလမ်းကြောင်းဝေဒနာတွေကိုသက်သာစေခြင်း၊ ကိုယ်ဝန်တွေအနေနှင့် ကြက်ဟင်း ခါးသီးကို အလွန်အမင်း စားသောက်ခြင်းမှ ရှောင်သင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)