
မန်ကျည်းဖျော်ရည် အကျိုးကျေးဇူးများမှာ အစာခြေစနစ်ကို ကူညီပေးသည်။ မန်ကျည်းသီး တွင် အမျှင်ဓာတ်နှင့် သဘာဝအက်ဆစ်များပါဝင်၍ ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း၊ ကိုယ်ပူခြင်းနှင့် ရေငတ်ခြင်းကိုသက်သာစေခြင်း၊ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို လှုံဆော်ပေးကာ အအေးမိခြင်းနှင့် ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီ ဓါတ်ကို လျှော့ချပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အသားအရေကို ကြည်လင် တောက်ပစေခြင်း၊ ဦးနှောက်နှင့် အာရုံကြောစနစ်ကို အားဖြည့်စေခြင်း၊ မကျည်းဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဝမ်းမှန်စေပြီး တစ်နေကုန်လန်းဆန်းတက်ကြွစေနိုင်ကြောင်း သိရှိရ သည်။
DOCA(မန္တလေး)