
ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် သဘာဝအရလူသားတို့၏ကျန်းမာရေးအတွက်လိုအပ်သော အာဟာရဓာတ်များ ရရှိရန်အတွက် ဖြည့်ဆည်းပေးပြီးဖြစ်ပါသည်။ သဘာဝကရရှိသော သစ်သီးဝလံများတွင် လူသားတို့၏ဘဝအသက်ရှင်ကျန်းမာစွာရပ်တည်နိုင်စေဖို့အလွန်အရေးပါသော အာဟာရဓာတ်များစွာပါဝင်နေပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ရာသီမရွေးထွက်ရှိပြီး အာဟာရတန် ဖိုးကြွယ်ဝစွာပါဝင်သော ငှက်ပျောသီး၏ကျန်းမာရေးအတွက် အကျိုးပြုပုံများသည်စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ငှက်ပျောပင်ကို ကမ္ဘာပေါ်တွင် အရှေ့တောင်အာရှနှင့် တခြားအပူပိုင်းဒေသများ တွင် အဓိကထားစိုက်ပျိုးပါသည်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်စီ၊ ဓာတ်တိုးဆန့်ကျင်သည့် ဓာတ်ပေါင်းများနှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ ငှက်ပျောသီးကိုစားသုံးခြင်းဖြင့် အစာခြေဖျတ်မှုစနစ်ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကောင်း စေခြင်း၊ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာလည်း ရရှိစေသည်။ ငှက်ပျောသီးတွင်အမျှင်ဓာတ်များစွာပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအထောက်အကူပြုပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များပါဝင်ခြင်းကြောင့်အိုမင်းခြင်းမှလည်း ကာကွယ်ပေးပါသည်။ ငှက်ပျောသီးတွင်ပါဝင်သော ပိုတက်ဆီယမ်ဓာတ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များက နှလုံးကျန်းမာရေးအတွက်များစွာ အထောက် အကူပြုစေပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ငှက်ပျောသီးများဖြစ်သည့် ရွှေနီ၊ သီးမွှေး၊ ရခိုင်၊ ဖီးကြမ်း၊ ချိုချဉ်ငှက်ပျောတို့တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်စသည့် အာဟာရသတ္တုဓာတ်များစွာပါဝင်နေကြောင်းလေ့လာတွေ့ရှိရပါသည်။
DOCA(မန္တလေး)