Main menu

အရုပ်ဆိုးသော်လည်းဆေးဖက်ဝင်သော ရှောက်ဘီလူးသီး

Powered by Drupal
Mon, 06/23/2025 - 13:20 -- consumer_admin

   ရှောက်ဘီလူးသည် ကြည့်လိုက်လျှင် အခွံတွင်အဖုအထစ်များနှင့် ကြည့်ရဆိုးသော်လည်း ဆေးဖက်ဝင်ပါသည်။ ရှောက်ဘီလူးသီးသည် သံပုရာသီးအရွယ်အစားလောက်ရှိပြီး အခွံသည် သံပု ရာသီးကဲ့သို့ လုံးချောမနေဘဲ အဖုအထစ်များရှိပါသည်။ အချဉ်အရသာရှိပြီး အတွင်းပိုင်းသည် သုံပုရာသီးနှင့်ခပ်ဆင်ဆင်ဖြစ်ပါသည်။ ရှောက်ဘီလူးသီး၏အခွံကို ဟင်းခတ်အမွှေးအကြိုင် အဖြစ် လည်း အသုံးပြု၍ရပါသည်။ ထိုင်းအစားအစာများထဲတွင်ထည့်၍အသုံးပြုကြသလို မြန်မာလူမျိုးများ ခံတွင်းတွေ့ကြသည့် တုန်ယမ်းဟင်းရည်ထဲတွင်လည်းအမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီးအခွံ ကိုထည့်သုံးကြပါသည်။ ရှောက်ဘီလူးသီးကိုစားပေးခြင်းဖြစ်ဖြစ်၊ ထက်ခြမ်းခြမ်းပြီး သွားများ၊ သွားဖုံးများပေါ်တွင် ပွတ်တိုက်ပေးခြင်းဖြစ်ဖြစ် ခံတွင်းကိုကျန်းမာစေပြီး သွားဖုံးနှင့်သွားများတွင် ကပ်ငြိနေသောဘတ်တီးရီးယားများကို အထိရောက်ဆုံးတိုက်ဖျတ်ပေးနိုင်ပါသည်။ သွားတိုက်ဆေး နှင့်အတူရော၍အသုံးပြုလျှင်လည်းရပါသည်။ သွေးနှင့်ပတ်သတ်သောရောဂါများ၊ နာတာရှည်သွေး ရောဂါခံစားနေရသူများအနေဖြင့်လည်း အထူးသင့်လျော်ပါသည်။ ရှောက်ဘီလူးသီးသည် အသည်း နှင့် ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်များကိုလည်းဖယ်ရှားပေးနိုင်ပါသည်။ ရှောက်ဘီလူးသီးတွင် ပါဝင်သော ဒြပ်ပေါင်းများက နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး အစာခြေစနစ်ကိုကျန်းမာ စေကာ ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အူမကြီးကင်ဆာနှင့် လိပ်ခေါင်း ရောဂါရှိသူများအတွက် အထူးသင့်လျော်ပါသည်။ အင်းဆက်များကိုနှိမ်နှင်းပေးနိုင်သည့် အာနိ သင်ရှိပြီး အင်းဆက်ကြောင့်ဖြစ်တတ်သောရောဂါများမှလည်းကာကွယ်ပေးပါသည်။ ရှောက်ဘီလူး သီးသည် ကျန်းမာရေးအတွက်သာမက အလှအပများအတွက်လည်း အသုံးဝင်ပါသည်။ ရှောက်ဘီ လူးသီးအရည်ကို အလှကုန်ပစ္စည်းများနှင့်တွဲသုံးပေးပါက အသားအရေကိုကြည်လင်လှပစေပြီး ဓာတ်တိုးပစ္စည်းများကြွယ်ဝစွာ ပါဝင်သောကြောင့်လည်း ဆဲလ်များကိုပြုပြင်ပေးပြီး အရေပြားညစ် ညမ်းမှုမဖြစ်အာင်လည်းကာကွယ်ပေးနိုင်ပါသည်။ ရှောက်ဘီလူးသီး၏အရည်သာမက အရွက်ကပါ ဆံသားနှင့်ဦးရေပြားကိုကျန်းမာစေပြီး အစိုဓာတ်ကိုထိန်းပေးကာ ဗောက်မထအောင်ကာကွယ် ပေးပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါအကျိုးပြုသော ရှောက်ဘီ လူးသီးအကြောင်းကို လေ့လာသိရှိသလောက် ရေးသားလိုက်ရပါသည်။  

DOCA(မန္တလေး)