
ပူစီနံသည် မြန်မာနိူင်ငံတွင် စိုက်ပျိုးရလွယ်ကူပြီး ဆေးဖက်ဝင်၍ ဝင်ငွေရသော အပင်ဖြစ် ကြောင်း၊ အရွက်ကိုစားသုံးခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ခန္ဓာကိုယ်အဆီကျ၍ ကိုယ်အလေး ချိန်လျော့ချနိုင်ကြောင်း သိရှိရသည်။ အစာမကြေဖြစ်ပါက ပူစီနံ (၅) ရွက်စားပေးခြင်းဖြင့် ခံတွင်းကို ရှင်းစေပြီး အစာကိုလည်းကြေစေ၍ အာရုံကြောအားကောင်းစေကြောင်း၊ ပူစီနံရွက်၏ ပူရှိန်သည့် ဓာတ်ကြောင့် ချွဲကျစေပြီး ချောင်းဆိုးသက်သာပျောက်ကင်းကြောင်း၊ လည်ချောင်းရှင်းပြီး အသက်ရှူ လမ်းကြောင်း ကောင်းမွန်သောကြောင့် ပန်းနာရင်ကျပ်လည်း သက်သာကြောင်းသိရှိရသည်။ အရွက် ကိုပုံမှန်စားသုံးခြင်းဖြင့် ပူစီနံရွက်တွင်ပါဝင်သော ပူရှိန်တဲ့ဓာတ်သည် သွေးထဲကအဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အဝလွန်ခြင်းကို ကာကွယ်ပေးကြောင်း၊ အသားအရေစိုပြေစေပြီး နေပူဒဏ်ခံနိုင် ကြောင်း သိရှိရသည်။ အသက်အရွယ် ကြီးမားလာသည့်အတွက် ပူစီနံကိုစားသုံးပါက စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းရောဂါ ကိုသက်သာစေကြောင်း၊ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေးကြောင်းနှင့် ကိုယ်အလေးချိန်များနေသူတွေ အဝလွန်နေသူ တွေကိုလည်း သွေးထဲကအဆီကို ဖယ်ရှားပေးသောကြောင့် ကိုယ်အလေးချိန်မှန်ပြီး ပိန်စေ၍ ပူစီနံရွက်ကို စားသုံးသင့် ကြောင်းသိရှိရသည်။
DOCA(မန္တလေး)