Main menu

မြင်းခွာရွက်အကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 06/23/2025 - 12:48 -- consumer_admin

  အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လူတိုင်းသိပြီးသားဖြစ်တဲ့ မြင်းခွာရွက်ဟာဆိုရင် လည်း ဆေးဖက်ဝင်အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။ မြင်းခွာရွက်အရသာက နည်းနည်းခါး သက်သက်လေးနဲ့ စားလို့ကောင်းသည်။ အခါးကြိုက်သူတွေအတွက်တော့ စားရတာအဆင်ပြေပါ သည်။ မြင်းခွာရွက်ကို သုပ်စားခြင်း၊ငါးပိရည်နဲ့တို့စားခြင်း၊ ဟင်းခါးရည်ချက်စားခြင်း၊ ဖျော်ရည်လုပ် သောက်ခြင်း၊မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး ရေနွေးနဲ့စိမ်သောက်ခြင်း စသည်ဖြင့် လုပ်စားကြလေ့ရှိပါသည်။ မြင်းခွာရွက်ကဆေးဖက်ဝင်စေသောကြောင့် တိုင်းရင်းဆေးတွေမှာလည်း အသုံးပြုကြသည်။ မြင်းခွာရွက်မှာ ကျန်းမာရေးအတွက် အဟာရများစွာပါဝင်နေပါသည်။ ဘာတွေ ပါဝင်နေလဲဆိုရင် မြင်းခွာရွက်တစ်ရွက်မှာ ဗီတာမင်အေ၊ဗီတာမင်စီ၊ ဗီတာမင်ဘီတူး၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ COUAGEN ဓာတ်တိုးများစွာ ပါဝင်နေတာ ကြောင့် ခန္ဓာကိုယ်အတွက် စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ မှတ်ညဏ်အားကောင်းစေခြင်း၊ သွေး လည်ပတ်မှုကောင်းစေခြင်း၊ သွေးဖိအားကို ထိန်းညိှပေးခြင်း၊ အစာအိမ်အနာကို သက်သာစေခြင်း၊ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်အဆိပ်အတောက်ကို သန့်စင်ပေးနိုင်ခြင်း၊ အိပ်ပျော်စေခြင်း၊ အရိုးအဆစ်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ သွေးတိုးရောဂါကို ကျဆင်းစေခြင်း၊ ဆီးချိုသွေးချိုရောဂါကို သက်သာစေခြင်း၊ သွေးအားနည်းခြင်းကို သက်သာစေခြင်း၊ ချောင်းဆိုးရင်ကြပ်ရောဂါကို သက်သာစေခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါကို သက်သာစေခြင်း၊ ဆီးကျဉ်ဆီးအောင့်ဖြစ်ခြင်းကို သက်သာစေခြင်း၊ ဆံပင်ကျွတ်သက်သာစေခြင်း၊ အသားအရေကို ကောင်းမွန်စေခြင်း၊ ပူပန်သောကနဲ့ စိတ်ဝေဒနာဖြစ်ခြင်းကို သက်သာစေခြင်း စတဲ့အချက်တွေကို အထောက်အကူပြုစေနိုင်ပါသည်။ မြင်းခွာရွက်က ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ရရှိသောကြောင့် နေ့စဉ်စားသုံးပေးနိုင်သလို တစ်ပတ်ကို တစ်ကြိမ်ဖြစ်ဖြစ် စားသုံး ပေးပါလို့ တိုက်တွန်းလို သည်။

     မြင်းခွာရွက်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ တစ်ဆယ်ကျပ်သားလျှင် (၃၅၀)ကျပ်တို့ဖြင့် ကြက်မောက်တောင်နှင့် ညောင်ဖြူပင်ရွာတို့မှ ကျောက်ပန်းတောင်းမြို့နယ် ၊ မြို့မစည်ပင်သာယာဈေးရှိ ပျံကျဈေးတွင် လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)