
ကတက်ရွက်သည် အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့်နွေးအောင်ပြုကာ ကိုက်ခဲနာ ကျင်ရာ၌ လိမ်းသော် အကိုက်အခဲများကိုသက်သာစေနိုင်ခြင်း၊ အရွက် ကြိတ်ညစ်ရေနှင့် ကွမ်းရွက် ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်ကင်း စေနိုင် ခြင်း၊ ခံတက်ချဉ်တည်စားခြင်း၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်ကင်းစေ နိုင်ခြင်း၊ သက်တန့်နှင့်အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါမြစ်နှင့်သွေးသောက်သော် လျင်မြန်စွာပျောက် ကင်းစေနိုင်ခြင်း၊ အမြစ်ခေါက်ကို လေးခွက်တစ်ခွက်တင်ပြုတ်သောက်သော် ဆီးချို၊ကျောက်တည် ရောဂါပျောက်ကင်းစေနိုင်ခြင်း၊ ယင်းပြုတ်ရည်တွင် ကြံသကာရောသောက်သော် ဆီးအိမ်ရောင် ရောဂါသက်သာစေနိုင်ခြင်း၊ အမြစ်ကိုအပြင်းဖျားရောဂါ ကုဆေးလည်းထည့်သွင်းအသုံးပြုကြ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)