Main menu

ပဲပိစပ်မှရနိုင်သော ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Mon, 06/23/2025 - 11:02 -- consumer_admin

   ပဲနို့၊ ပဲငံပြာရည်၊ ပဲပိစပ်ဆီဟူ၍ပဲပိစပ်နှင့်ပတ်သက်ပြီး ထုတ်လုပ်ထားသော ထုတ်ကုန်များ စွာရှိပါသည်။ ဟင်းတစ်ပွဲပြင်ဆင်သည့်အခါတွင်လည်း မပါမဖြစ်သောအရာတစ်ခုဖြစ်ပါသည်။ ပဲပိစပ်ဆိုသည်မှာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြားပဲအမျိုးနွယ်ဝင်များထက်ပိုပြီး ပရိုတင်း ကြွယ်ဝသောပဲဖြစ်ပါသည်။ ပဲပိစပ်တွင်ပါဝင်သောအမျှင်ဓာတ်များက သွေးတွင်း အဆီဓာတ်ကို လျော့ကျစေပြီး သွေးကြောအတွင်းအဆီများအနည်ကျခြင်းကို ကာကွယ်ပေး သောကြောင့် နှလုံး သွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်းများမှလည်းကာကွယ်ပေးပါသည်။ ပဲပိစပ်တွင်ပါဝင်သော fatty acid သည်သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါသည်။ ဓာတ်တိုးပစ္စည်းများစွာပါဝင်သောကြောင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးပြီး အမျှင်ဓာတ်များက အစာခြေစနစ်ကိုကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်း မှအဆိပ်အတောက်များကို စွန့်ထုတ်ပေးပါသည်။ ပဲပိစပ်တွင်ပါဝင်သော ဇင့်၊ ကော့ပါး၊ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကြောင့် အရိုး အဆစ်များကိုသန်မာစေပြီး အရိုးပွရောဂါမှ လည်း ကာကွယ်ပေးနိုင်ပါသည်။ သံဓာတ်နှင့် ကော့ပါး ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးနီဉထုတ်လုပ်မှုကိုအားပေးပြီး သွေးအားကောင်းစေပါသည်။ ပဲပိစပ်တွင်ပါဝင်သော မဂ္ဂနီဆီယမ်သည် ညဘက်ကောင်းကောင်းအိပ်ပျော်စေရန်အတွက် အထောက်အကူပြုသော ကြောင့် အိပ်မပျော်သူများ အားထားသင့်သော အစားအစာတစ်မျိုးဖြစ်ပါ သည်။ အမျိုးသမီးများ သွေးဆုံးခါနီးတွင်ဖြစ်တတ်သော ရောဂါလက္ခဏာများကိုလည်း သက်သာ စေနိုင်ပြီး ဆီးချိုကိုလည်းထိန်းပေးပါသည်။ ထို့အပြင် ပဲပိစပ်တွင်ပါဝင်သော ပရိုတင်းနှင့် အမိုင်နို အက်ဆစ်များသည် ခုခံအားကိုအားပေးပြီး ရောဂါပိုးများ ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။  ပဲပိစပ်သည်ကောင်းကျိုးများစွာရှိသည့်အတွက် လူသားများအတွက်အသင့်တော်ဆုံး အစား အသောက်တစ်ခုဖြစ်ကြောင်း ဖတ်ရှု့မှတ်သားသိရှိရပါသည်။

DOCA(မန္တလေး)