Main menu

သင်းဝင်ပင်အသုံးဝင်ပုံ

Powered by Drupal
Fri, 06/13/2025 - 15:14 -- consumer_admin

   သင်းဝင်ပင်သည်အပူပိုင်းဒေသ၊ သမပိုင်းဒေသများရှိ ရွက်ကြွေတောနှင့် တဝက်တပျက် ရွက်ကြွေတောများတွင် ပျံ့နှံ့ပေါက်ရောက်လေ့ရှိသည်။ ဒေသများအဖြစ် အရှေ့အာရှနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်၊ ထိုင်းနှင့်လာအိုနိုင်ငံများတွင် ပေါက် ရောက်လေ့ရှိသည်။ အပင်သည် ရွက်ကြွေပင်လတ်မျိုးဖြစ်ပြီး ရွက်အုပ်ကျယ်ပြန့်ကာ အမြင့် ၆.၇ မီတာခန့်ရှိသည်။ မီးခိုးရောင်ရှိပြီး ဒေါင်လိုက်အစင်းကြောင်းများရှိကာ အပင်နုစဉ်တွင် သံကြေး ရောင် နူးညံ့ရှည်လျားသည့် အမွှေးနုများရှိပြီး ပြောင်ချောသည့်အကွက်ငယ်များ အခေါက်၏ မျက်နှာ ပြင်တွင် တွေ့ရှိရသည်။ အရွက်သည် ငှက်မွှေးအရွက်ပေါင်းအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်သည်။ ရွက်သားပျော့ပြောင်းပြီး ရွက်ရင်းဝိုင်း၍ ရွက်ရင်းတဖက်စောင်း၊ ရွက်ထိပ်အနည်း ငယ်ချွန်သည်။ အကိုင်းအခက်များဖြာထွက်သည့်ထိပ် သို့မဟုတ် ကြားထွက်သည့် ကိုင်းဖြာခြင်းမရှိသည့် အဆုံးရှိ ပန်းခိုင်အမျိုးအစားဖြစ်ပြီး တွဲလျားကျအနေအထားရှိသည်။ ပန်းပွင့်သည် အညိုရောင်အမွှေးနုများ ဖုံးထားသည့် ပွင့်ချက်အုံခရမ်းရောင်ရှိသည်။ အသီးထောင့်အမျိုးအစားဖြစ်ကာ ပြားချက်သည့် ပုံသဏ္ဍာန်ရှိပြီး မာကြောသည်။ အသီးခွံပေါ်တွင်အညိုရောင်အမွှေးနုများဖြင့် ဖုံးအုပ်ထားသည်။ အစေ့သည်အသီးထောင့် တစ်ထောင့်တွင်ပြားချက်ဝိုင်းစက်သည့်သစ်စေ့ သုံးလေးစေ့ပါသည်။ ပန်းပွင့်ချိန်မှာ မတ်လမှဧပြီလအထိဖြစ်ပြီး အသီးသီးချိန်မှာ ဇွန်လမှ နိုဝင်ဘာလအထိ ဖြစ်သည်။ ခရမ်းရောင်သန်းသည့် အနက်ရောင်သစ်သားသည် သိပ်သည်းမာကြောသည့်အတွက် ထွန်သွား များပြုလုပ်ခြင်း၊ ပရိဘောဂများပြုလုပ်ခြင်းတွင် အသုံးဝင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)