
တရုတ်စကားပင်၏ အရွက်အားပြုတ်စားပေးပါက ဝမ်းမှန်၊ လေမှန်စေခြင်း အပွင့်ခြောက် ကို ရေနွေးကြမ်းခပ်သောက်ပေးပါက အဆီကျစေခြင်း၊ လေးဘက်နာရောဂါသက်သာစေခြင်း အပွင့် နှင့်အရွက်တို့ကို ပြုတ်စားခြင်း၊ သုပ်စားခြင်းဖြင့် နားအူ၊ နားလေး သက်သာစေခြင်း တရုတ်စကား ပန်း အနီပွင့်ကို အမြဲ ပြုတ်တို့ သုပ်စားပေးပါက နှလုံးသွေးကြောကျဉ်းရောဂါ သက်သာစေခြင်း တရုတ်စကားပင်ရဲ့ အခေါက်ကို ပြုတ်ပြီးရလာတဲ့ အရည်နှင့်ရေချိုးပေးပါက ခန္ဓာကိုယ်ရောင် ရမ်းခြင်းအတွက် သက်သာစေခြင်း၊ အမျိုးသမီးများ ဓမ္မတာလာချိန် ကိုက်ခဲနာကျင်သည့် ဝေဒနာ ခံစားရပါက အပွင့်ကိုသုပ်စားခြင်းဖြင့် သက်သာစေခြင်း၊ သွားပိုးစား၍ သွားကိုက်ခြင်းအတွက် အပွင့်နှင့် အရွက်တို့ကို ပြုတ်၍ရလာသော ပြုတ်ရည်အား ငုံပေးခြင်း၊ ပလုပ်ကျင်းပေးခြင်းဖြင့် သက်သာနိုင်ခြင်း၊ဆီးချိုသွေးချိုရောဂါသက်သာစေနိုင်ခြင်း၊ အပွင့်နှင့်အရွက်တို့ကို ပြုတ်ပြီးပြုတ် ရည်ဖြင့် အရေပြားကိုပွတ်သပ်ပေးပါက အရေပြားပေါ်၌ဖြစ်တတ်သော အနီစက်များ အဖုအပိန့်များ သက်သာစေခြင်း၊ အမြစ်ကိုပြုတ်သောက်ပေးပါက လိပ်ခေါင်းရောဂါသက်သာစေနိုင်ခြင်း၊ အခေါက် အား အခြောက်ခံ၍ဆန်ဆေးရည်နှင့် သွေးလိမ်းပေးပါက ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက် ပျောက်ကင်း သက်သာစေကြောင်း သိရှိရသည်။
DOCA(မန္တလေး)