ပေါက်ပန်းဖြူရွက်သည် ဆီးနီ၊ဆီးနည်းရောဂါများအတွက် ဟင်းချက်စား၍ လည်းကောင်း၊ အပွင့်ကိုကြော်စားခြင်း၊ ချက်စားခြင်းဖြင့်ဆီးရောဂါသက်သာ စေနိုင်ခြင်း၊ အရွက်နှင့်အပွင့်ကို မကြာခဏ ပြုတ်ပြီးတို့စားပေးလျှင် သည်းခြေရောဂါ၊ ကျောက်ကပ်တွင ်ကျောက်ရှိသူများ သက်သာ စေခြင်း၊ ပေါက်ပန်းဖြူပွင့်ကို သုပ်စားခြင်းဖြင့် မီးယပ်ဖြူဆင်း ရောဂါ၊သွေးအန်သွေးကျရောဂါ သက်သာစေခြင်း ပေါက်ပန်းဖြူရွက် သတ္တုရည်ကိုအုံပေးပါက အပူလောင်တာသက်သာစေခြင်း ၊ ပေါက်ပန်းဖြူအပွင့်၏ သတ္တုရည်ကိုမျက်စိခပ်ပေးပါက မျက်စိမှုန် ၊ မျက်စိဝေသက်သာစေခြင်း၊ အဆစ်ရောင်ရောဂါဝေဒနာခံစားနေရပါက ပေါက်ပန်းနီ၏အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် သက် သာစေခြင်း၊အပွင့်သို့မဟုတ်အရွက်က ိုအရည်ညှစ်ယူ၍ အရည်ကိုခေါင်းမကိုက်သော တစ်ဘက်ရှိ နှာခေါင်းမှရှူပေးပါကပျောက်ကင်းစေခြင်း၊ အပွင့်ကိုပြုတ်စားပါကကြက်မျက်သင့်ရောဂါပျောက် ကင်းစေခြင်း၊ အရွက်၏သတ္ထုရည်တွင် ဂျင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ကို အတူရော၍ ရှူပေး ပါက စိတ်ပျံ့လွင့်မှုသက်သာစေခြင်း တုတ်ကွေးဖျားရိုးရိုးဖျားခြင်းများအတွက် ပေါက်ပန်းဖြူ အရွက် ကို ကြက်သွန်နီနှင့် ကြော်စားပေးပါက သက်သာစေနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)