Main menu

ဆင်နှာမောင်းနှင့် ကျန်းမာရေး

Powered by Drupal
Fri, 06/13/2025 - 13:28 -- consumer_admin

    ဆင်နှာမောင်းပင်သည် အရွက်တွေဖြာနေအောင်ထွက်တဲ့ အပင်ပုလေးတစ်မျိုးဖြစ် ပါသည်။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါသည်။ အမြင့်ကတော့ ၁.၅မီတာလောက်ပဲ မြင့်ပါသည်။ အလေ့ကျပေါက်ရောက်လေ့ရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ အပူပိုင်းနှင့် သမပိုင်းဒေသများမှာ ပေါက်ရောက်ကျပြီး တစ်နှစ်ပတ်လုံးပန်းပွင့်ပါသည်။ လွန်ခဲ့သော ရာစုနှစ် ပေါင်းများစွာကတည်းက ဆေးဝါးကုသမှုကို အသုံးပြုခဲ့ကြသည်။ ကြွက်နို့သက်သာစေခြင်း၊ အရောင်ကျစေခြင်း၊ အကိုက်အခဲပျောက်စေခြင်း၊ အရေပြားပြဿနာကင်းစေခြင်း၊ မိတ်ပျောက် စေခြင်း၊ မက္ခရုသက်သာစေခြင်း၊ အကျိတ်များ သက်သာစေခြင်း၊ ဝမ်းပျက်ဝမ်းလျှော သက်သာ စေခြင်း၊ ဆီးချိုသက်သာစေခြင်း၊ ဆီးခဏခဏသွားတာကို သက်သာစေခြင်း၊ အနာသန့်စင်ရန် အတွက် အသုံးပြုစေခြင်း၊ လိပ်ခေါင်း သက်သာစေခြင်း ဗိုက်အောင့်ဗိုက်နာ သက်သာစေခြင်း၊ အစာချေစနစ် ကျန်းမာစေရန်အတွက် အသုံးပြုကြသည်။ လေပြွန်ရောင်ခြင်း ၊လည်ချောင်းနာ ခြင်းများ သက်သာစေရန်အတွက် အသုံးပြုသည်။ အနာစိမ်း ၊ မျက်စိနာ၊ ပန်းနာရင်ကျပ်၊ သွားဖုံးပိုးဝင်ခြင်း၊ အရေပြားကို ပိုးကောင်ကိုက်တာကို သက်သာစေခြင်း၊ ကလေးငယ်များ ချောင်းဆိုးခြင်း၊ဖျားနာခြင်းကို သက်သာစေနိုင်ပါသည်။ ဆင်နှာမောင်းပင်သည် သဘာဝဆေးဖက် ဝင်အပင်ဆိုသော်လည်း ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိလျှင် ခန္ဓာကိုယ်အတွက် အဆိပ် အတောက်ဖြစ်နိုင်ကြောင်းလည်း သိရှိရပါသည်။

DOCA(မန္တလေး)