
အပင်များသည် ပေါက်ရောက်နေသည့်မြေဆီလွှာမှ အာဟာရဓာတ်များ ကိုစုပ်ယူသော ကြောင့် မြေဆီလွှာတိုင်းသည် အာဟာရပြည့်ဝနေခြင်းမရှိပါ။ ကော်ဖီကြမ်းမှုန့်သည် အပင်ကြီး ထွားရန်လိုအပ်သော နိုက်ထရိုဂျင်၊ ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကြေးဓာတ် အစရှိသည်တို့ကို မြေဆီလွှာကိုထောက်ပံ့ပေးပါသည်။ မြေဆီလွှာအဆိပ်အတောက်ဖြစ်စေသည့် ဓာတ်များကိုလည်း စုပ်ယူပေးကာ မြေဆီလွှာအတွက်အကျိုးရှိသည့် တီကောင်များကို ဆွဲဆောင်ပေးပါသည်။ ကော်ဖီ ကြမ်းမှုန့်ကို အပင်ပတ်ပတ်လည် မြေဆီလွှာကို အာဟာရဖြည့်ပေးနိုင်ပါသည်။ မီးဖိုချောင်စွန့်ပစ် ပစ္စည်းများနှင့်ဇီဝမြေဩဇာပြုလုပ်ရာတွင် ကော်ဖီမှုန့်ပါဝင်ပါက ပိုမိုကောင်းမွန်သည့် ဇီဝမြေဩ ဇာကို ရရှိစေပါသည်။ ကော်ဖီတွင်ပါဝင်သည့် အချို့သောဓာတ်များသည် အင်းဆက်အဖျတ် ပိုးမွှားများကို အဆိပ်အတောက်ဖြစ်စေပါသည်။ ကော်ဖီမှုန့်သည် ကြမ်းပိုး၊ ခြင်၊ ဖြုတ်နှင့် အခြားအဖျတ်ပိုးများကိုဟန့်တားနိုင်ပြီး အင်းဆက်ပိုးမွှားများမလာစေချင်သည့်နေရာများတွင် ကော် ဖီမှုန့်ကိုဖြူးပြီး အသုံးပြုနိုင်ပါသည်။ အပင်ငယ်လေးဘေးပတ်ပတ်လည်တွင်ဖြူးပေးခြင်း အားဖြင့် မြေဆီလွှာအာဟာရဖြစ်စေသည့်အပြင် အပင်ဖျတ်မည့်ခရု၊ ပက်ကျိနှင့်အင်းဆက်ပိုးမွှားများ ရန်မှလည်း ဟန့်တားပေးနိုင်ပါသည်။ တိရစ္ဆာန်လေးများကို ရေချိုးပေးသည့်အခါတွင်လည်း ဆပ်ပြာနှင့်အတူ ကော်ဖီမှုန့်ပါထည့်ပွတ်ပေးခြင်းဖြင့် သန်းများကိုသေစေသည့်အပြင် အမွှေး အမျှင်များပိုမိုလှပစေနိုင်ပါသည်။ ကော်ဖီတွင် အနံ့ဆိုးများကိုဖယ်ရှားပေးနိုင်သည့်အစွမ်း သတ္တိ လည်းရှိသည့်အတွက် ရေခဲသေတ္တာထဲတွင်အနံ့ထွက်နေပါက ကော်ဖီမှုန့်ကို အဝတ်စအပါးနှင့် အထုပ်ပုံစံပြုလုပ်ပြီး အနံ့အသက်စုပ်ပစ္စည်းအဖြစ်လည်းအသုံးပြုနိုင်သည်။ ကော်ဖီမှုန့်ဖြင့် ညစ်ပေနေသော အိုးခွက်ပန်းကန်မျက်နှာပြင်များကို ပွတ်တိုက်ဆေးကြောပေးခြင်းအားဖြင့် ရေချိုးများနှင့် အညစ်အကြေးများ ကင်းစင်ပြီးပြောင်လက်တောက်ပစေပါသည်။ ကော်ဖီမှုန့်သည် အသားအရေလှပခြင်းအတွက်လည်းအသုံးဝင်ပါသည်။ကော်ဖီမှုန့်နှင့်ပျားရည်အနည်းငယ်၊အုန်းဆီတို့ရောစပ်ပြီး အသားအရေကိုညင်သာစွာပွတ်တိုက်အသုံးပြုပါက နေရောင်ကြောင့်အသားအရေ ပျက်စီးမှုမှကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုလည်းကောင်းစေပါသည်။ ကော်ဖီမှုန့်တွင် အသားကို နူးညံ့ပျော့ပျောင်းစေသည့်ဓာတ်များ ပါဝင်သည့်အပြင် အသား၏အရသာကို ပိုမို ကောင်းမွန်စေသောကြောင့် အသားနှပ်ရာတွင်ကော်ဖီမှုန့်ကိုအသုံးပြုနိုင်ပါသည်။ ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်သည် အရေပြားသွေးလည်ပတ်မှုကိုကောင်းစေပြီး ဆံသားကြီးထွားမှုကို လှုံဆော်ပေးနိုင်သောကြောင့် ခေါင်းမလျှော်ခင် ကော်ဖီမှုန့်အနည်းငယ်ကို ဦးရေပြားပေါ်တွင်ဖြူးကာ မိနစ်အနည်းငယ်နှိပ်နယ်ပေးခြင်းဖြင့် ဆံသားကိုကောင်းမွန်စေပါသည်။ မျက်ကွင်းတစ်ဝိုက် အသား အရေသည် အလွန်နူးညံ့သောကြောင့် မျက်ကွင်းညိုခြင်း၊ မျက်ကွင်းအစ်ခြင်း၊ အသားအရေတွန့်ခြင်း များဖြစ်တတ်သည်။ ကော်ဖီမှုန့်နှင့်အုန်းဆီကိုရော၍ခပ်ပျစ်ပျစ်ဖျော်ကာ မျက်လုံးအောက်ဖက်ကို လိမ်းပေးခြင်းဖြင့် မျက်ကွင်းတစ်ဝိုက်တွင်ဖြစ်တတ်သော အသားအရေပြဿာနာ များကိုဖြေရှင်း ပေးနိုင်ပါသည်။ အပင်များ၊ တိရစ္ဆာန်များအတွက်သာမက အလှအပဆိုင်ရာများအတွွက်ပါ အသုံး ဝင်သောကော်ဖီမှုန့်အကြောင်းကို ရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)