လက်ဖက်စိမ်းသည် တရုတ်နိုင်ငံတွင် အဓိကသောက်သုံးသော ရေနွေးကြမ်း တစ်မျိုးဖြစ်ပါသည်။ လက်ဖက်စိမ်းရွက်သည် လက်ဖက်ပင်၏အရွက်မှ အခြောက်ခံထားသော အရွက်ဖြစ်၍ လက်ဖက်စိမ်းကို ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် နှစ်ထောင်ချီများစွာထဲက ဆေးကုသရာတွင် အသုံးပြုခဲ့ကြပါသည်။
လက်ဖက်စိမ်းနှင့် လက်ဖက်ခြောက်နှစ်မျိုးလုံးတွင် ကဖိန်းဓာတ်ပါဝင်သော်လည်း လက်ဖက် စိမ်းသည် လက်ဖက်ခြောက်ထက် ကဖိန်းဓာတ်ပါဝင်မှုနည်းပါးပါသည်။ လက်ဖက်စိမ်းသောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာအတွက် အကျိုးသက်ရောက်မှု များစွာရှိပါသည်။ လက်ဖက်စိမ်းကို တစ်နေ့လျှင် လေးခွက်သောက်သုံးပေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ဝမ်းဗိုက်အဆီများကို ၄ ရာခိုင်နှုန်းကျဆင်း စေနိုင် ကြောင်း လည်း သိရှိရပါသည်။ လက်ဖက်စိမ်းအရည်ဖြင့် အစာစားပြီးတိုင်း ပလုတ်ကျင်း ပေးခြင်းဖြင့်လည်း ခံတွင်းအနံ့ဆိုးများကို သက်သာစေနိုင်ပါသည်။
လက်ဖက်စိမ်းနေ့စဉ် သောက်သုံးပေးခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ် ကောင်းမွန်လာစေနိုင်ပြီး စိတ်ကြည်လင် လန်းဆန်းစေနိုင်ပါသည်။ ယနေ့ခေတ်တွင် လက်ဖက်စိမ်းကို ရေနွေးကြမ်းအနေဖြင့် သောက်သုံးလာရုံသာမက အလှကုန်များ၊ ခေါင်းလျှော်ရည်များနှင့်ခေါင်းလိမ်းဆီများတွင်လည်း အဓိက ပါဝင်ပစ္စည်းအနေဖြင့် ထည့်သွင်း အသုံးပြုလာကြပါသည်။ လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်သုံးပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက်သာမက စိတ်ကျန်းမာရေးကိုပါ များစွာကောင်းမွန်စေနိုင်ပြီး ကျန်းမာ ရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။
DOCA(ပဲခူး)