Main menu

ဆေးဖက်ဝင်သော မုန်လာဥအဖြူပင်

Powered by Drupal
Fri, 06/13/2025 - 10:19 -- consumer_admin

      မုန်လာဥဖြူကို မုန်လာဥအလွယ်ခေါ်ကြသည်။ မုန်လာဥအဖြူပေါက်ရောက်ရာ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာထဲက စိုက်ပျိုးလာကြရာ အီဂျစ်နှင့်ဂရိ နိုင်ငံတို့သို့ ကုန်သွယ်ဖောက်ကားလာခဲ့ကြပြီး ထိုမှတဆင့် ကမ္ဘာ့နိုင်ငံများ၌ မုန်လာဥအဖြူစားသုံးသောဓလေ့ဖြစ်ထွန်းလာသည်။ ဆောင်းရာသီသီးနှံတွင်ပါဝင်ပြီး မိုးတွင်းတွင်စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥလောက် မကြီးထွားပေ။ မုန်လာဥသည် စပ်သည်၊ ပွသည်၊ ကြေလွယ်သည်၊ အစာကို ကြေစေတတ်သည်၊ ဖျားနာ၊ ပန်းနာ၊ နှာခေါင်းနာ၊ လည်ချောင်းနာ၊ မျက်စိနာတို့ကိုကုနိုင်သည်။ မုန်လာရွက်သည် အဆီမရှိ၊ ကြေကျက်ရန်လွယ်ကူသည်။ ပူသည်။ သလိပ်၊ သည်းခြေနာတို့ကို နိုင်သည်။ မုန်လာဥဖြူထဲရှိ အာဟာရဓာတ်များသည် ခန္ဓာကိုယ်ကြွက်သားများကို ကောင်းစွာတည် ဆောက်ပေးသည်။ ထို့အပြင် သဘာဝအရင်းအမြစ် ပရိုတင်းဓာတ်များကလည်း ခန္ဓာကိုယ်အတွက် အားသစ်လောင်းပေးသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော မုန်လာဥအဖြူကို စားသုံးပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)