Main menu

ရုံးပတီသီးမှရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 06/13/2025 - 10:04 -- consumer_admin

     အဆာခံနိုင်စေခြင်းရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်စွာပါဝင်နေပါတယ်။ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေက ဗိုက်ပြည့်တယ်လို့ မြန်မြန်ဆန်ဆန် ခံစားရစေနိုင်ပြီး အဆာခံနိုင်စေတာကြောင့် ကယ်လိုရီစားသုံးမှု ပမာဏကိုတိုင်းတာရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျ အောင်လုပ်ဆောင်နေသူများ အတွက်လည်း သင့်တော်ပါတယ်။ ပင်ပန်းမှုဒဏ်ကနေ သက်သာစေနိုင်ခြင်း ယနေ့ခေတ်မှာပင်ပန်းတယ်ဆိုသော စကားရပ်သည် လူတိုင်းပါးစပ်ဖျားမှာ ကြားရများတဲ့ စကား တစ်ရပ်လိုပင်ဖြစ်နေပါပြီ။ ရုံးပတီသီးစေ့လေးတွေက သင့်ကို ပင်ပန်မှုဒဏ်ကို ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ ရုံးပတီသီးစေ့တွေမှာ အသည်းထဲက ဂလိုက်ကိုဂျင်စုဆောင်းထားမှုကို တိုးမြှင့်ပေးနိုင်တဲ့ polyphenols နဲ့ ဖလေဗာနွိုက်တို့လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဂလိုက်ကိုဂျင်က ခန္ဓာကိုယ်အတွက် စွမ်းအင်သိုလှောင်ပေးပြီး မောပန်းမှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ ရုံးပတီသီးက စိတ်ကျဝေဒနာခံစားနေရသူတွေအတွက်လည်း ဆေးစွမ်းတစ်လက်ပါ။

DOCA(ပဲခူး)