ကနစိုသီးသည် အမည်အမျိုးမျိုးခေါ်ကြသည့် ကနစိုသီးကို မြန်မာစပျစ်သီး၊ဇော်သီး၊ ဘုံမပါသီးလို့ခေါ်ဆိုလေ့ရှိကြသည်။ အပြွတ်လိုက် အခိုင်လိုက်သီးပြီး အရည်ရွှမ်းသည့်အသီး ဖြစ်ပါသည်။ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ဆိုပြီး(၃)ရောင်ရှိပါသည်။ ကနစိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများမှာ ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီးဖြစ်လို့ အဆီတွေကိုချေဖျက်ပေးပြီး ကိုယ်အလေးချိန်ကျစေနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေလို့တခြားဗိုင်းရပ်နှင့် ရောဂါပိုးဝင် ရောက်ခြင်းကနေ ကာကွယ်နိုင်ခြင်း၊ အားရှိစေတဲ့ အသီးဖြစ်သောကြောင့် အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်းအတွက်လည်း အားအင်တွေပေးစွမ်းနိုင်ခြင်း၊ ပရိုတင်းဓာတ်ပါဝင်လို့ ကြွက်သားကို ကျန်းမာစေခြင်း၊ ကယ်လ်စီယမ်ပါဝင်သောကြောင့် အရိုးကိုသန်မာစေနိုင်ခြင်း၊ သံဓာတ်မြင့် မားစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်သူတွေအတွက် အထူးကောင်းမွန်စေခြင်း၊ ကိုယ်ဝန် ဆောင်ချိန် အိပ်မပျော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ခြင်း၊ သင့်တင့်မျှတရုံ စားပေးမယ်ဆိုရင် ဆီး၊ဝမ်း၊ လေမှန်စေပြီး ရေငတ်ခြင်း၊ မူးဝေခြင်းကို သက်သာစေနိုင်ခြင်း၊ အမှည့်လွန်တဲ့ အသီးကို အလွန်အကျွံစားမယ်ဆိုရင် ဝမ်းလျှော၊ အစာမကြေ၊ ပန်းနာရင်ကျပ်ဖြစ်စေနိုင်ခြင်း၊ အိပ်ငိုက်ခြင်း၊ ဇက်လေးခြင်း၊ ချွေးငုပ်၊ မီးယပ်သွေးချုပ်ခြင်းတွေဖြစ်စေနိုင်ခြင်းတို့ကြောင့် ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေလို့ ဆေးဖြစ်ဝါးဖြစ် စားသုံးသင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)