Main menu

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

Powered by Drupal
Tue, 06/10/2025 - 11:26 -- consumer_admin

      နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးကြပါသည်။ နဂါးမောက်သီး၏အရသာသည်ထူးခြားပြီး ကျန်းမာရေးအတွက်လည်း များစွာအကျိုးပြုစေပါသည်။ နဂါးမောက်သီးတွင် သံဓာတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်နှင့် ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင် နေသောကြောင့် နာတာရှည်ရောဂါများနှင့် အိုမင်းခြင်းမှလည်းကာကွယ်ပေးပါသည်။ နဂါးမောက် သီးတွင် ဘီတာလိန်းအဓိကပါဝင်သောကြောင့် မကောင်းသည့်ကိုလက်စထရောမြင့်မားခြင်းမှ လည်းတားဆီးပေးနိုင်သည်။ ဟိုက်ဒရိုဆီစင်နမိတ်သည် ကင်ဆာဆဲလ်ကြီးထွားမှု့ကို ဟန့်တားပေးနိုင်သည့် အာနိသင်လည်းရှိပါသည်။ ဖလေဗာနွိုက်ပါဝင်သောကြောင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု အတွက်အထောက်အကူပြုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျော့ချပေးပါသည်။ နဂါးမောက် သီးကိုစားသုံးပေးခြင်းဖြင့် အသားအရေခြောက်သွေ့ပျက်စီးခြင်းမှကာကွယ်ပေးပြီး အသားအရေကိုတင်းရင်းလှပစေသည့် ကော်လဂျင်များထွက်လာအောင် လှုံဆော်ပေးနိုင်ပါသည်။ ကိုယ်အလေး ချိန်လျှော့ချခြင်း၊ အသည်းတွင်ရှိသည့်အဆီများကို လျှော့ချရာတွင်လည်း အထောက်အကူပြု ပါသည်။ နဂါးမောက်သီးတွင်ပါဝင်သည့် အမျှင်ဓာတ်များသည် အူလမ်းကြောင်းရှိ အကျိုးပြု ဘတ်တီးရီးယားများကိုပေါက်ပွားသန်စွမ်းစေဖို့ တွန်းအားပေးပါသည်။ ဝမ်းချုပ်ခြင်းမှကာကွယ် ပေးပြီး  ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးကာ ရောဂါပိုးများအလွယ်တကူဝင်ရောက်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ နဂါးမောက်သီးသည် နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေစိုပြည်လှပလိုသူများ၊ နှလုံးသွေးတိုးဆီးချိုရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ဆီးချိုနှင့်သွေးတိုးရောဂါရှိသူများ၊ ရောဂါအခံရှိသူများ၊ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားသုံးသင့်ပါသည်။

DOCA(မန္တလေး)