အသက်ကြီးလျှင် ဆင်စီးပါဆိုသည့်စကားပုံအတိုင်း အသက်ကြီးလျှင် ဆင်တုံးမနွယ် သုံးဆောင်ပေးခြင်းဖြင့် ကျန်းမာစေနိုင်သည်ဟု လူတိုင်းသိရှိပြီးဖြစ်ပါသည်။ ဆင်တုံးမနွယ်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး အရွက်သည်ကွမ်းရွက်နှင့်ဆင်တူပြီး အရိုးတံမှာဆူးလေးများပါကာ အရိုးတံကိုဆေးဝါးအဖြစ် အသုံးပြုကြသည်။ ဆင်တုံးမနွယ်၏ပင်စည်၊ အရွက်များကိုဆေးဝါးဖော်စပ် အသုံးပြုနိုင်သလို ကျန်းမာရေးအတွက်အကျိုးပြုသော ဒြပ်ပေါင်းများစွာလည်းပါဝင်ပါသည်။ ဆင်တုံး မနွယ်ကို အမှုန့်ကြိတ်ပြီး စားသုံးကြသလိုပင်စည်ကိုထုပြီးရေနွေးစိမ်သောက်ခြင်း၊ ပျားရည်နှင့်စိမ်၍ သောက်ခြင်းများလည်းရှိပါသည်။ အရွက်နှင့်အရိုးတံကို ကြိတ်ပြီးအနှစ်ကိုအရေပြားပေါ်တွင် လိမ်း ခြင်းများလည်းရှိသည်။ ဆင်တုံးမနွယ်သည် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီး အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်သောကြောင့် ဆီးချိုရှိသူများအတွက် နောက်ဆက်တွဲကျန်းမာရေး ပြဿာနာ များမဖြစ်အာင်လည်းကာကွယ်ပေးပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေသော ကြောင့် ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက် အကူပေးပါသည်။ အစာကြေချက်မှုကိုကောင်းစေပြီး အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ လေထိုးလေ အောင့်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အော့အန်ခြင်းများမဖြစ်အောင်လည်းကာကွယ်ပေးပါသည်။ ဆင်တုံးမနွယ်သည် စိတ်ဖိစီးမှုပြေလျော့စေပြီးမှတ်ဉာဏ်အားကောင်းစေကာ သိမြင်မှုစွမ်းရည်ကို လည်းတိုးတက်စေပါသည်။ အရောင်ကျစေသည့် အာနိသင်ရှိသောကြောင့် အဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါရှိသူများအတွက် နာကျင်ကိုက်ခဲခြင်းသက်သာစေရန် ဆင်တုံးမနွယ်ကိုစားသုံးပေးသင့် ပါသည်။ အမြင်အာရုံကိုအားကောင်းစေပြီး အသက်ရှူလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုကို သက်သာစေနိုင်သည်။ ဆင်တုံးမနွယ်သည် အသားအရေကိုကျန်းမာစေပြီး အရွယ်တင်နုပျိုစေကာ သွေးစီးဆင်းမှုကောင်းစေသောကြောင့် ကြည်လင်စိုပြေသောအသားအရေကို ပိုင်ဆိုင်စေနိုင်ပါသည်။ ဆင်တုံးမနွယ်ကိုသင့်တင့်မျှတစွာစားသုံးမည်ဆိုပါက ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမရှိနိုင်ပါ။ ဆီးချိုရှိသူများအနေဖြင့် ဆီးချိုဆေးနှင့်အတူတွဲသောက်ခြင်းမျိုးမှ ရှောင်ကြဉ်သင့်ပါသည်။ ထို့ကြောင့်ဘေးထွက်ဆိုးကျိုးနည်းသောဆင်တုံးမနွယ်ကို ကျန်းမာရေးအတွက်မှီဝဲသင့်ပါသည်။
DOCA(မန္တလေး)