
ကမ္ဘာတစ်လွှားတွင် နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာသောက်သုံးလာခဲ့ကြရာ နွားနို့အပါအဝင် သိုး၊ ဆိတ်များဆီမှ ထုတ်လုပ်သောက်သုံးကြပါသည်။ နို့သောက်ခြင်းဖြင့် ဓာတ်မတည့်ခြင်း များဖြစ်လာနိုင်ပြီး အကျိုးကျေးဇူးများလည်းရှိပါသည်။ နွားနို့သည် ဗီတာမင်နှင့်သတ္ထုဓာတ်များ၏ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပြီး ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်နှင့် ဇင့်စသည့်အာဟာရဓာတ် များလည်း ကြွယ်ဝစွာပါဝင်ပါသည်။ နွားနို့သောက်ခြင်းဖြင့် အရိုးများကျန်းမာကြံ့ခိုင်စေပြီး ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်းနှင့် ဗီတာမင် K2 စသည်များလည်း ပါဝင်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသည့် ကယ်လ်ဆီယမ်၏ ၉၉ ရာခိုင်နှုန်းကို အရိုးများနှင့် သွားထဲတွင်သိုလှောင် ထားပါသည်။ နို့သည် ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်ပြီး လိုအပ်သည့် ဗီတာမင်D၊ ဗီတာမင် K၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်များလည်းပါဝင်ပါသည်။ နွားနို့ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် အရိုးနှင့်ပတ်သတ်သောရောဂါများမှကာကွယ်ပေးနိုင်ပြီး သက်ကြီးရွယ်အိုများ အရိုးများကျိုးပဲ့လွယ် ခြင်းကို လျှော့ချပေးနိုင်ပါသည်။ နို့သောက်ခြင်း ကြောင့် အဝလွန်နိုင်ခြေကိုလျော့နည်းစေပြီး ပရိုတိန်းပါဝင်မှုများသောကြောင့် အဆာခံနိုင်ပါ သည်။ နွားနို့သည် ကျန်းမာရေးအတွက် နည်းမျိုးစုံနှင့် အကျိုးပြုစေနိုင်သောကြောင့် ပုံမှန် အတိုင်းသောက်သုံးနိုင်သည့်အပြင် အခြားအစားအသောက်များ နှင့်လည်းတွဲဖက်၍ စားသုံးနိုင် ပါသည်။ဥပမာအားဖြင့် ပရိုတိန်းကြွယ်ဝပြီး အရသာရှိသည့် Smootheies အနေနှင့်အာဟာရဓာတ် ပိုမိုပြည့်ဝအောင် အသီးအနည်းငယ်ထပ်ဖြည့်ပြီး ပြင်ဆင်စား သုံးနိုင်ပါသည်။ ကော်ဖီ(သို့မဟုတ်) လက်ဖက်ရည်နှင့်ပေါင်းစပ်၍သောက်သုံးလျှင်လည်း အာဟာရ ဓာတ်များပိုမိုရရှိနိုင်ပါသည်။ နွားနို့နှင့်တိရစ္ဆာန်များမှထုတ်ယူထားသောနို့မဟုတ်ဘဲ အစေ့အဆန်များ မှထုတ်လုပ်ထားသည့် နို့များလည်းရှိသောကြောင့် တိရစ္ဆာန်ထွက် အစားအသောက်များကို ရှောင်ကြဉ်သူများအနေနှင့် လည်း ရွေးချယ်စရာရှိနေပါသည်။ ထို့ကြောင့် အာဟာရဓာတ်များစွာပါဝင်သော နွားနို့ကို နေ့စဉ်ပုံမှန်သောက်သုံးပေးသင့်ပါသည်။
DOCA(မန္တလေး)