စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံးအသီးတွေထဲက တစ်မျိုးဖြစ်ပါသည်။ အရောင် အသွေး၊ အနံ၊ အရသာနှင့် လည်းပြည့်စုံပါသည်။ စပျစ်သီးမှာ အစိမ်းရောင်၊ အနီရောင်၊ အမည်းရောင် စသည့်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ မြန်မာပြည်တွင် အစိမ်းရောင်နှင့် အမည်းရောင်က အစိုက်များပါသည်။ စပျစ်သီးမှာ အရသာကောင်းသကဲ့သို့ ဆေးဖက်လည်း ဝင်ပါသည်။
စပျစ်သီးတွင် ကယ်လ်လိုရီ၊ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်K၊ ဗီတာမင်C၊ သီရာမင်း၊ Riboflavin၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနီ စသည့် အာဟာရ ၁၃မျိုး ပါဝင်သည်။ စပျစ်သီးကိုစားသုံးခြင်းက ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုလျော့ချပေးခြင်း၊ သွေးတိုးရှိသူများအတွက် အထောက်အကူပြုခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ဆီချိုရောဂါ မဖြစ်ပွား စေရန် ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ အရိုးများအားကောင်းစေခြင်း၊ အိုမင်းရင်းရော်မှု နှေးကွေးစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ဝမ်ချုပ်သက်သာစေခြင်း စသည့် ကျန်းမာရေးကို အထောက်အကူပြုစေသည်။စပျစ်သီးအစေ့သည် ဆီချိုရောဂါကြောင့်ဖြစ်သော အမြင်အာရုံပြဿာနာများကိုလည်း ကာကွယ်ပေးပါသည်။ စပျစ်ဝိုင်ကြိုက်သူများ အတွက် အရောင့်ရင့်ရင့်ကို ရွေးချယ်သောက်သုံးခြင်းဖြင့် သွေးကျဲစေနိုင်ပီး သွေးလည်ပတ်မှုကောင်းခြင်းနှင့် အသည်းအဆီဖုံးခြင်း တို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ မန္တလေးမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သံးတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ၁၄၀၀၀ ကျပ် ဖြင့်ရောင်းချနေပီး လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)