Main menu

ကန်စွန်းရွက်၏အကျိုးကျေးဇူး

Powered by Drupal
Tue, 06/03/2025 - 09:45 -- consumer_admin

      ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်သည်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ရန် လိုအပ်ပါသည်။ ကန်စွန်းရွက်သည် ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓါကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါသည်။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေပါသည်။ ကန်စွန်းရွက်မှာ သံဓာတ် ပါဝင်မှု အများဆုံး ဖြစ်ပါသည်။ သံဓါတ် လုံလုံလောက်လောက် ရရှိလျှင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါ။ သံဓါတ်သည် ကိုယ်ဝန်ဆောင်ချိန်မှာ အရေးတကြီးလိုအပ်ပါသည်။ သံဓါတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါသည်။ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ ကန်စွန်းရွက်သည် ဗီတာမင် အေ ပါဝင်သည် အတွက်မျက်စိအာရုံကောင်းမွန်စေသောကြောင့် စားပေးသင့်ကြောင်းသိရသည်။ ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည််။ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေ တော့ဘဲ နှလုံးရောဂါနှင့်လေဖြတ်ခြင်းများကို လျှော့ကျစေပါသည်။ ကျောက်ကပ်ရောဂါရှိသူများ အတွက် ဆီးသွားခြင်းမှာ ပြဿနာတွေ ရှိနေလျှင် ကန်စွန်းရွက် စားပေးသင့်ပါသည်။ ကန်စွန်းရွက်သည် ရေဓါတ်အများအပြား ပါဝင်သောကြောင့် ဆီးသွားရန်အထောက်အကူ ပြုကြောင်းသိရသည်။ ကန်စွန်ရွက်သည် ဈေးနှုန်းသက်သက်သာသာဖြင့် ကျန်မာရေးကို အထောက်အကူပြုသော အစားအစာဖြစ်ကြောင်းသိရပါသည်။

DOCA(မန္တလေး)