Main menu

ကွမ်းရွက်အသုံးဝင်ပုံနှင့် ဈေးနှုန်း

Powered by Drupal
Mon, 06/02/2025 - 16:23 -- consumer_admin

     မြန်မာလူမျိုးများ ရှေးယခင်အဆက်ဆက်ကပင် ကွမ်းယာကိုစားသုံးခဲ့ကြသည်မှာ ယနေ့ထက် တိုင်စားသုံးနေကြဆဲဖြစ်သည်။ကွမ်းယာတွင်အဓိကပါဝင်ပစ္စည်းဖြစ်သည့် ကွမ်းရွက်သည်ကျန်းမာ ရေးကို အကျိုးပြုစေသောဓာတ်တိုးပစ္စည်းများပါဝင်ပါသည်။မြန်မာတို့သည်ကွမ်းရွက်ကို ကွမ်းယာ တွင်အဓိကထားထည့်သွင်းစားသုံးသည်သာမက ကျန်းမာရေးအတွက်လည်း ဆေးဝါးအဖြစ်အသုံး ပြုကြသည်။ကွမ်းရွက်ကိုအသုံးပြုခြင်းဖြင့် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်ခြင်း၊ အနာကျက်မြန် စေခြင်း၊ ခေါင်းကိုက်ခြင်းကိုသက်သာစေနိုင်ခြင်း၊ သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း၊ ခံတွင်းကျန်းမာရေးကိုကောင်းစေခြင်း၊ ဝက်ခြံနှင့်အရေပြားဓာတ်မတည့်မှုများကို လျော့ပါးသက်သာ စေနိုင်ခြင်း၊ဝမ်းမှန်စေခြင်းနှင့် မျက်ရိုးကိုက်ဝေဒနာများကိုပါသက်သာစေနိုင်သည့်အကျိုးကျေးဇူးများ  ရရှိပါသည်။ထိုကဲ့သို့အကျိုးကျေးဇူးများစွာရှိသော ကွမ်းရွက်များသည် မန္တလေးဈေးကွက်အတွင်းသို့ တံတားဦး၊မုံရွာ၊ရွှေဘိုနယ်များမှဝင်ရောက်လျက်ရှိရာ ဈေးနှုန်းအနေဖြင့်တစ်ပိဿာလျှင်ကျပ်၉၀၀၀မှ ကျပ်၁၂၀၀၀ဝန်းကျင်ရှိပြီး ယခုမိုးတွင်းကာလဖြစ်၍ ဈေးကွက်အတွင်းသို့ကွမ်းရွက်အဝင်များသော ကြောင့် ကွမ်းရွက်ဈေးနှုန်းများ လျော့နည်းနေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)