
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက် လုပ်ကိုင်သောဒေသဖြစ်ပြီး ငှက်ပျောသီးနှံလည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ငှက် ပျောသီးနှံသည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရသော သီးနှံဖြစ်ပါသည်။ စားသုံးသူများသည် ငှက်ပျောသီးမှည့်ကို ဒီအတိုင်းစားသုံးခြင်းဖြင့် လည်းကောင်း ငှက်ပျော်ကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောပူတင်း၊ ငှက်ပျောသီးမီးဖုတ်စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ အစာအိမ်ရောဂါ၊လေပူရောဂါ၊ လေအတက်လှန်ရောဂါ၊ လည်ချောင်းနာ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ သွားနာရောဂါရှိသူများ အတွက် ဖီးကြမ်းငှက်ပျောသီးဟာ ဓါတ်ဆာလည်းဖြစ် ဆေးလည်းဖြစ်တယ်လို့ ဆိုကြပါတယ် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်စျေးထဲတွင် ငှက်ပျောသီးတစ်ဖီးလျှင် (၂၅၀၀-၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ငှက်ပျောရောင်းချသည့် ဆိုင်များထံ မှသိရှိရပါသည်။
DOCA(မန္တလေး)