မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်အပင်များစွာပေါက်ရောက်လျက်ရှိရာ ခရမ်းကတော့ပင်လည်း အပါအဝင်ဖြစ်ပါသည်။ခရမ်းကတော့ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် သဘာဝအလျှောက် ပေါက်ရောက်လျက်ရှိပါသည်။နှစ်ရှည်ကြာအပင်တစ်မျိုးဖြစ်ပြီး အမြင့်ပေ(၄-၅)ပေခန့်အထိရှိသည်။ အရွက်ပုံသဏ္ဍာန်မှာ ဘဲဥပုံဖြစ်ပြီး ထောင့်ခုနှစ်ထောင့်ပါရှိသည်။ အပွင့်များသေးငယ်ပြီး ခရမ်းရောင်ရှိသည်။ အသီးမှာလုံးဝိုင်း၍ အစေ့များပြီး အခွံပျော့သီးဖြစ်၍ အခိုင်လိုက်သီးသော အပင်မျိုးဖြစ်သည်။ သွားကိုက်ခြင်း၊ သွားနာခြင်းတို့အား ပဥ္စငါးပါးအား အရည်ကျို၍ ညှစ်သောက် ခြင်း ကြိတ်ဖက်ဖြင့် အုံပေးခြင်းဖြင့် ပျောက်ကင်းစေကြောင်း၊ သွားပိုးထပါက အမြစ်ကိုသွေး၍ သွားကိုသိပ်ပေးလျှင် သက်သာပျောက်ကင်းစေကြောင်း၊ နား၌ ပိုးကောင်းဝင်လျှင် ခရမ်းကတော့ သီးကို မီးရှို့ပြီး အခိုးခံပါ ကပိုးထွက်၏၊ကတော့ခါးမြစ်ကို အမှုန့်ပြုခံငန်းဆေးကြီးအဖြစ် အသုံးပြု နိုင်ကြောင်း၊ပဥ္စငါးပါးနုတ် နုတ်စဉ်း၍ရေထက်ဝက်ခန့်အောင်ကျိုပြီး ပိတ်သန့်သန့်စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်၍ လက်ဖက်ရည်ပန်းကန်ဖြင့် ထက်ဝက်ခန့်တစ်နေ့နှစ်ကြိမ် သောက်သုံးပေးပါက မီးယပ်ဖြူ ဆင်းသည့်ရောဂါကိုပျောက်ကင်းသည်ဟု မြန်မာဆေးကျမ်းများတွင် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရပါသည်။
DOCA(မန္တလေး)