Main menu

ပိစပ်ရွက်ရဲ့အာနိသင်

Powered by Drupal
Mon, 06/02/2025 - 15:17 -- consumer_admin

   ပိစပ်ရွက်သည်ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့်ကူးစက် ဖျားနား ရောဂါအပါအဝင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါသည်။ ရောင်းရမ်းခြင်းကိုလျှော့ကျ စေတာကြောင့် အစာအိမ်နာခြင်းကိုသက်သာစေခြင်း၊ ထိခိုက်ဒဏ်ရာရ၍သွေးထွက်ပါက သွေးတိတ် စေခြင်း၊  အနာကျက်မြန်စေတာကြောင့် ထိခိုက်ပွန်းပဲ့နာ၊အရေးပြားနာ၊ အပူလောင်နာများကို သက်သာစေခြင်း၊အပင်အပေါ်ပိုင်းသည် ငှက်ဖျားသက်သာစေပြီးအရောင်ကျ စေခြင်း၊အပင် တစ်ပင် လုံးသည်  အကိုက်အခဲသက်သာ၊အရောင်ကျ၊အဖျားကျစေပြီး ဘက်တီးရီးယားများကို သက်သာ စေခြင်း၊ အရွက်သည်အနာကျက်စေခြင်း၊ အပွင့်သည်TBပိုးကိုသေစေပြီးကင်ဆာ ရောဂါကိုကာကွယ် ပေးခြင်း၊အအေးမိလည်ချောင်းနာပါကပိစပ်ရွက်ပြုတ်ရည်ကိုဆားအနည်းငယ်ထည့်၍ ပလုပ်ကျင်း ပေးပါကသက်သာစေခြင်း၊ ချောင်းဆိုပါက ပိစပ်ရွက်ပြုတ်ရည်ကိုသောက်ပေးပါကသက်သာစေခြင်း၊ ငှက်ဖျားဖြစ်ပါကပိစပ်ရွက်ကိုရှောက်ရည်၊ မာလကာရွက်တို့နှင့်ပြုတ်၍သောက်ပါကသက်သာစေ ခြင်း၊ ပွန်းပဲ့ရှနာများတွင်အရွက်ကိုကြိတ်၍အုံပေးပါက သွေးအမြန်တိတ်စေရုံသာမက အနာကို အကျက် မြန်စေခြင်း၊ မျော့ကိုက်ခြင်း၊အရေပြားရောဂါ၊သွားနှင့်ခံတွင်းနာများတွင် ပိစပ်ရွက်ကိုအစိမ်း (သို့)ပြုတ်၍ဆေးအဖြစ်အသုံးပြုခြင်း၊ ဆေးလိပ်သောက်ချင်စိတ်ကိုလျှော့ပါးစေခြင်း၊ အစာအိမ်နာ၊ အဖျား၊ ချောင်းဆိုးခြင်း၊ အသားဝါခြင်း၊ ဆီးရွှင်စေပြီးသွေးတိုးကျစေခြင်းနှင့်ဝမ်းပျက်ဝမ်းလျှော့ ရောဂါများကို ပျောက်ကင်းကြောင်းသိရှိရသည်။

DOCA(မန္တလေး)