Main menu

ရဲယိုရွက်ဆေးဖက်ဝင်

Powered by Drupal
Mon, 06/02/2025 - 14:48 -- consumer_admin

အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပဲခန္ဓာကိုယ်အတွက် ကျန်းမာရေးအ ကျိုးကျေးဇူးတွေအများကြီးရစေပါသည်။ ရဲယိုရွက်ကိုအမျိုးမျိုးချက်ပြုတ်စားသုံးလေ့ရှိကြပါသည်။ ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း၊ ရဲယိုရွက်ဘဲဉအချပ်လိုက်ကြော်၊ ရဲယိုရွက်ငါးဘတ်မွှေ၊ ရဲယိုရွက် ငါးခူးဟင်း၊ ရဲယိုရွက်ကြက်ဉမွှေကြော်၊ ရဲယိုရွက်ကြော်၊ ရဲယိုရွက်ကြက်ကြော်သုပ်၊ ရဲယိုရွက် ငါးခူး စင်းကော၊ ရဲယိုရွက်ကြက်သားဟင်းအဖြစ်အမျိုးမျိုးစားသုံးလေ့ရှိကြသည်။ ရဲယိုသီးကိုလည်းဖျော် ရည်အဖြစ်လဲ သောက်သုံးကြပါသည်။ ရဲယိုပင်က တစ်ပင်လုံးနီးပါးဆေးဖက်ဝင်အပင်ဖြစ်သည့် အတွက်အသီးရောအရွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတော်တော်များများပါဝင်ပါသည်။ သက်ကြီး ရွယ်အိုတွေအတွက်ရော၊ လူငယ်တွေအတွက်ပါမကျန် အထူးသင့်တော်တဲ့ဓာတ်စာပင်ဖြစ်ပါသည်။ အရေးပြားအတွက်ဆေးအဖြစ် အသုံးပြုကြသည်။ရဲယိုရွက် ၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ဗီတာမင်စီနှင့်သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါသည်။ ကင်ဆာရောဂါနှင့်နှလုံးရောဂါတို့အတွက် ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ     ပါဝင်ပါသည်။ ရဲယိုရွက်သည် အကိုက်ခဲပျောက်စေခြင်း ၊ လေးဖက်နာဝေဒနာနှင့်အခြားအဆစ် အမြစ်များ နာကျင်ကိုက်ခဲတာသက်သာစေနိုင်ခြင်း၊ ဘတ်တီးရီးယားများအန္တရာယ်ကနေ ကာကွယ် ပေးသလို တုတ်ကွေးတွေလို ကူးစက်တတ်တဲ့ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ခြင်း၊ စိတ်ခံစား မှုကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နှင့် အိပ်ပျော်စေရန်အတွက် အရေးပါသော ဟော်မုန်းတွေကို လှုံဆော်နိုင်ခြင်း၊ အရေပြားနှင့်ဆံသားကို ကျန်းမာစေနိုင်ခြင်း၊ ရဲယိုရွက်နှင့်အသီးမှာပါတဲ့ ဂုဏ်သတ္တိ များသည် အသားရည်ကို နုပျိုးစေပြီးဆံသားကို သန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်း များကိုပါ ကျန်းမာစေနိုင်ခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေ ကို တုန့်ပြန်တိုက်ခိုက်နိုင်အောင် လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ခြင်း၊ သွေးကြောတွေကို ပြေလျော့စေတာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းနိုင်ခြင်း၊ သွေးကြောထဲမှာ အဆီများစုပုံတာမျိုး မဖြစ်အောင် ကာကွယ်ပေးခြင်း၊ မှတ်ညဏ် ကောင်းစေခြင်း၊ ဝမ်းမှန်စေနိုင်ခြင်း၊ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ဗီတာမင်နဲ့သတ္တု ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ခြင်း၊ ရဲယိုပင်၏အစိတ်အပိုင်းမှာပါတဲ့ဓာတ်များသည် ကျန်းမာရေးကို အထောက်အကူပြုပေးကြောင်း သိရှိရသည်။

DOCA(မန္တလေး)