Main menu

အောင်မဲညိုပန်းပွင့်အသုံးဝင်ပုံ

Powered by Drupal
Mon, 06/02/2025 - 14:47 -- consumer_admin

   အောင်မဲညိုပန်းပွင့်ကိုနေ့တိုင်းတစ်နေ့တစ်ပွင့်စားပေးခြင်းဖြင့် ဦးနှောက်သွေးကြောကျဉ်း ခြင်း၊ ပိတ်ခြင်းမှကာကွယ်ပေးပြီး သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ပါသည်။ အခြောက် လှန်းပြီး ရေနွေးနဲ့စိမ်သောက်လို့ရတဲ့အောင်မဲညိုပန်းက သွေးတိုး၊ဆီးချိုကိုထိန်း ပေးနိုင်တဲ့အပြင် ဦးနှောက်သွေးကြောပြဿနာတွေကိုပါကာကွယ်ပေးနိုင်သည်။ အိမ်ခြံဝန်းထဲမှာ လွယ်လင့်တကူ စိုက်လို့ရတဲ့သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ အောင်မဲညိုပန်းရဲ့အကျိုး ကျေးဇူးများ သည်လေဖြတ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း၊  သွေးတွင်းသကြားဓာတ်လျှော့ချပေးနိုင်ခြင်း၊ အနာ ကျက်မြန်စေခြင်း၊ ဦးနှောက်နှင့်အာရုံကြောကိုအားဖြည့်ပေးနိုင်ခြင်း ၊သက်သောင့်သက်သာ အသက် ရှူနိုင်စေခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း၊ ဆံပင်ကို အားဖြည့်ပေးခြင်းစသည့် အောင်မဲညိုပန်းကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာရရှိနိုင်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)