Main menu

နတ်ပန်းညိုရဲ့ဆေးဖက်ဝင်ပုံ

Powered by Drupal
Mon, 06/02/2025 - 14:45 -- consumer_admin

     နတ်ပန်းညိုသည် အစွမ်းထက်ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ ဘယ်နေရာနာကျင်နေပါစေ လိမ်းပေးရုံဖြင့်သက်သာပျောက်ကင်းစေခြင်း၊ ခါးနာ၊ အဆစ်အမြစ်ကိုက်ခဲ၊ အရိုးနာကျင်ခြင်း၊ သွေးလေမမှန်ခြင်း၊ အတွင်းကြေဒဏ်ရာနာကျင်ခြင်း၊ အဖုအပိတ်ထွက်ခြင်း၊ အရေပြားယားယံခြင်း၊ အင်းဆက်ပိုးမွှားများကိုက်ခြင်း၊ ပျား၊ နဂျီကောင် အကိုက်ခံရခြင်းတို့ကို သက်သာပျောက်ကင်း စေနိုင်ကြောင်း သိရှိရသည်။  အဆိပ်ဖြေခြင်း၊ အရိုးတွေကိုပြန်လည်ကောင်းမွန်စေခြင်း၊ မီးယပ် ရောဂါနှင့်ပတ်သက်သော အဖြူဆင်းခြင်း၊သွေးသွန်ခြင်း၊ ဓမ္မတာထိန်ပြီးကိုယ်လက်ကိုက်ခဲ ခြင်းကို သက်သာစေနိုင်ပါသည်။ အရွက်ရည်ကိုမျက်စိထဲခပ်ပေးပါက မျက်စိကြည်စေနိုင်ခြင်း၊ ချောင်းဆိုး ခြင်းကိုသက်သာစေပြီး ရင်ကျပ်တဲ့အခါ နတ်ပန်းညိုရွက် အရည်ညှစ်သောက်ပါက သက်သာပျောက် ကင်းကြောင်းသိရှိရသည်။

DOCA(မန္တလေး)