Main menu

ကိုယ်ခံအားကိုမြှင့်တင်ပေးသောစပါးလင်ဈေးနှုန်း

Powered by Drupal
Mon, 06/02/2025 - 14:44 -- consumer_admin

     စပါးလင်သည် ရာသီဥတုအေးသောဒေသများတွင် စိုက်ပျိုးလေ့ရှိကြောင်း၊ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်မှာ မျိုးကွဲပေါ်မူတည်၍ ကွဲပြားလျက်ရှိကြောင်း သိရသည်။ မြင်းခြံဒေသအတွင်း စိုက်ပျိုးထားသော ဆောင်းစပါးလင်များကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုး၍ ရိတ်သိမ်းချိန်မှာ နွေနှောင်းပိုင်းဖြစ်သော မေလနှင့် ဇွန်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အပင်ကြီးထွားမှု ကာလမှာ (၈ - ၉) လကြာမြင့်ကြောင်း၊ ယခုအချိန်မှာ ဒေသတွင်း စပါးလင်များထွက်ပေါ်ချိန်ဖြစ်၍ ဟင်းခက်အမွှေးအကြိုင်အဖြစ် ဈေးနှုန်း သက်သာစွာ စားသုံးရကြောင်း၊ စပါးလင် ၅ ပင်ပါတစ်စီးလျှင် (၅၀၀) ကျပ်ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်တွင် စားသုံးမှုများသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ စပါးလင်ကို အစားအသောက်ချက်ပြုပ်ရာတွင် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုခြင်း၊ ကြက်ပေါင်း ရည်ပြုလုပ်ရာတွင် စပါးလင်ကို အသုံးပြုခြင်းကြောင့် အာဟာရပြည့်ဝကြောင်း၊ ကျန်းမာရေးအတွက် အာဟာရဆေးဖက်ဝင်ကြောင်း သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသောကြောင့် ဆီးချိုရောဂါကို ကာကွယ်ခြင်း၊ ကိုလက်စထရော လျှော့ချပေးသောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း၊ အရေပြား၊ ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးခြင်းကြောင့် ဟင်းခက် အမွှေးအကြိုင်အဖြစ် အသုံးပြုသောစပါလင်သည် အာဟာရပြည့်ဝပြီး ကိုယ်ခံမြှင့်တင်ပေးကြောင်း သိရှိရသည်။

DOCA(မန္တလေး)