
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မဏိစည်သူဈေးတွင် ကြက်ဟင်းခါးသီးများကို ရောင်းချလျက်ရှိရာ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးကို အလုံးလိုက်လည်းရောင်းသလို၊ လှီးပြီးသား များကိုလည်း ရောင်းချကြောင်းသိရှိရပါသည်။
ကြက်ဟင်းခါးသီးသည် မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော နွယ်ပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြကြောင်းသိရှိရသည်။ မိသားစုစားသုံးရန်အတွက်သော်လည်း ကောင်း၊ ရောင်းချရန်အတွက်သော်လည်းကောင်း မိမိခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးသီးပင်ကို စတင်စိုက်ပျိုးကြပြီး (၃)လခန့်တွင်အသီးများကို စတင်ခူးဆွတ်ရရှိ၍ မိသားစုအပိုဝင်ငွေရရှိနိုင်သဖြင့် ကြက်ဟင်းခါးပင်သည် တနိုင်တပိုင်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။
DOCA(မန္တလေး)