
ဗုဒ္ဓံသရဏံပင်သည် ဒူလာ၊ မီးယပ်၊ ပန်းညိုး၊ ချွဲကပ်၊ ထုံကျင်ကိုက်ခဲ၊ လိပ်ခေါင်း၊ အသားဝါ၊ သွေးပုပ်ဆန်ခြင်းမှအစ ဆီးရောဂါ၊ ဝမ်းဖောဝမ်းရောင်၊ အဖျဉ်းရောဂါများစွာအတွက် သက်စောင့် ဆေးတစ်လက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်ရောက်သည့် အလေ့ကျပေါက်ရောက် တတ်သောအပင်ဖြစ်သော်လည်း အလှစိုက်အပင်အဖြစ်လည်း စိုက်ပျိုးကြပါသည်။ ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း၊ ဆီးချုပ်ခြင်းနှင့်အဖျားရောဂါပျောက်ကင်းစေနိုင်ခြင်း၊ အပွင့်ကလေးများကိုပြုတ်၍ ရသောအရည်ဖြင့် ငါးမွှေထိုးငါးဟင်းချက်ရာတွင် ထည့်သွင်းချက် ပြုတ်၍ စားသုံးပေးလျှင် မီးညောင်ရိုးကိုက်ရောဂါ၊ ခါးကိုက်ခဲသောရောဂါ၊ ပိတ်ဝမ်းရောဂါ၊ ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကြင်ကိုက်ခဲသောရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ်လက်ဆစ်ညောင်ခြင်း၊ ပါးစပ်ချွဲခြင်းစသော ရောဂါများပျောက်ကင်းစေနိုင်ပါသည်။ အမြစ်ကို ကျို၍သောက်သုံးပါက အဖျားရောဂါ၊ လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ်ရောဂါ၊ ကိုယ် လက်နာကျင်ကိုက်ခဲရောဂါ၊ ဝမ်းတွင်းရစ်၍နာကျင်ခြင်း၊ အသားအရေနာကျင်ခြင်း၊ ပူလွန်းအေးလွန်း ခြင်းတို့ကို ပျောက်ကင်းစေခြင်း၊ ဥကိုဓားဖြင့်ပါးပါးလှီးပြီး အခြောက်လှန်း ထန်းလျက်ဖြင့်ယိုးထိုးကာ စမုံမျိုးငါးပါးအမှုန့်ပြုထည့်ပြီး ဖန်ဘူး၌ထည့်သွင်း၍ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကွမ်းသီးလုံးခန့် စားပေးလျှင် ယောက်ကျား၊ မိန်းမ ဒူလာ၊ မီးယပ်ရောဂါ၊ သွေးသားမညီညွတ်ခြင်း၊ မီးယပ်ဝမ်းပျက်၊ သွေးဆုံးကိုယ်လက်တို့၌ သွေးလေမလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညိုး၊ အသားအရေခြောက်ကပ် ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အသားအရေစေးထန်းထန်းဖြစ်ခြင်း၊ ခါးနာထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါရောဂါများ ပျောက်ကင်းစေနိုင်ပါသည်။ ဥပြုတ်ရည်ကို ဒိုပါလာသကြားနှင့်ဖျော်ပြီး သောက် သုံးပေးလျှင်အဖြူအနီဆင်းခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း ပိန်ချုံး၍ ကိုယ်သားကိုယ်ရေ နံစော် လာခြင်း၊ တစ်ကိုယ်လုံးကျိန်း၍နာခြင်း၊ အသားအရေပူ၍ ပြာနမ်းနမ်းဖြစ်ခြင်း၊ ခေါင်းဉီးရေကျိန်း ခြင်း၊ အကြောအချင်တင်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ကြောင်း၊ ကလေးသူငယ်များ တက် လျှင်ဥကို သွေး၍လူကြီးလက်ဖဝါးနှစ်ဖက်ဖြင့်ပွတ်၍ ကလေးဉီးခေါင်းမှစ အနံ့ရအောင်အုပ်ပေးပါက သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။
DOCA(မန္တလေး)