
မျောက်ဥသည် လည်ပင်ကြီးခြင်း၊ ကင်ဆာအမျိုးမျိုး၊ အကျိတ်အဖုအမျိုးမျိုးကို သက်သာ စေနိုင်ကြောင်း၊ မျောက်ဥကို အစိမ်းအတိုင်း စားသုံးနိုင်သလို၊ သွေးလိမ်းပေးခြင်း၊ ပြုတ်၍လည်း စားသုံးကြသည်။ မျောက်ဥကို အစာလည်းဆေး၊ ဆေးလည်းအစာဟူသည့်အတိုင်း မျက်စိနာခြင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပါသည်။ အနာပေါက်၊ လေပြွန်ပူ၊ ကျောက်တည်နာ၊ ဆီးနှင့်ပတ်သက်သော ရောဂါများကို ပျောက်ကင်းစေနိုင်ခြင်း၊ လည်ချောင်းနာ၊ သားမြတ်ကင်ဆာနှင့်ဆီးချိုရောဂါများကို သက်သာစေနိုင်ခြင်း၊ အသီးနုကိုခူး၍ လိမ်းပေးလျှင် လည်းကောင်း၊ စားပေးလျှင်သော်လည်းကောင်း ကင်ဆာရောဂါကို သက်သာစေခြင်း၊ အသည်း ကင်ဆာနုလျှင် အသီးစားရုံဖြင့် သက်သာပျောက်ကင်းစေနိုင်ခြင်း၊ ရင်သားကင်ဆာဖြစ်ပွားမှုအတွက် လည်း စားသုံးပေးခြင်း၊ လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)