
တစ်ပင်တိုင်မြနန်းသည် အရွက်၊ ပင်စီနှင့်ဥများကို စားဆေးများအဖြစ်အသုံးပြုနိုင်ကြသလို လိမ်းဆေးအဖြစ်လည်း အသုံးပြုကြသည်။ တစ်ပင်တိုင်မြနန်းပင်မှာ အဖြူ၊ အနီ၊ အနက် ဟူ၍ အရောင်အမျိုးအစား(၃)မျိုးရှိသည်။ အမြစ်ဥများကို မြစ်ပွားနာအပါအဝင် အဖုအကျိတ်အနာများကို သွေးလိမ်းပေးရုံဖြင့် ပျောက်ကင်းစေပြီး၊ အဖုအကျိတ်အနာများပေါ်တွင် အရွက်ကို အစိမ်းလိုက် ချေ၍ အုံကပ်ထားခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ခြင်း၊ တစ်ပင်တိုင် အနီနှင့်အနက် ရောင်သည် အာနိသင်ပိုမိုထက်မြက်ပြီး ကင်ဆာအကျိတ်ဖြစ်ခါစ ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီးအိမ်ကင်ဆာအမျိုးမျိုးတို့ကို ထိရောက်စွာပျောက်ကင်းစေနိုင်ခြင်း၊ ဝက်ခြံ၊ မီးလောင်နာ၊ အဆီ ကျိတ် ၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်းအပြင်လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ လည်ပင်းအကျိတ်၊ ကိုယ်ခန္ဓာ အနှံအပြားတွင် ပေါက်ရောက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ ကိုလည်း ပျောက်ကင်းစေနိုင်ခြင်း၊ တစ်ပင်တိုင်မြနန်းအပင်မှာ အပူဓာတ်ပါဝင်သောကြောင့် ကိုယ်ဝင်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ အသက်(၂)နှစ်အောက်ငယ်သော ကလေးများ၊ သွေးမခဲဆေးဝါးကုထုံးဖြင့် ကုသမှုခံယူနေရသော လူနာများသည် တစ်ပင်မြနန်းသုံးစွဲမှုကို အထူး ရှောင်ရှားသင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)