Main menu

ချောကလက်သီးခေါ်မက္ကဒေးမီးယားအကြောင်း

Powered by Drupal
Mon, 06/02/2025 - 12:41 -- consumer_admin

     ချောကလက်သီး ခေါ် မြန်မာလိုအမည်တွင်တဲ့ မက္ကဒေးမီးယား (Macadamia Nuts) သည် ကျန်းမာရေးလိုက်စားသူများအကြားတွင် နာမည်ရလာသော အခွံမာသီးတစ်မျိုးဖြစ်ပြီး အတွင်း၌ အဆံလေးကို သော့တံလေးနှင့်ဖွင့်၍ စားလို့ရသောကြောင့် သော့သီးဟုလည်း ခေါ်ကြပါသည်။ ချောကလက် သီး၏ အရသာသည် ချောကလက်အရသာ မရသော်လည်း ချိုစိမ့်စိမ့်ရှိပြီး အာဟာရဓာတ်များစွာ ပါဝင် သောကြောင့် အသက်အရွယ်မရွေး စားသုံးသင့်ပါသည်။

     ချောကလက်သီးကို ဩစတေးလျနိုင်ငံတွင် စတင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်း၌ ကမ္ဘာအနှံ့အပြား တွင် စိုက်ပျိုးလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့၌ စိုက်ပျိုးနေကြပါသည်။ ချောကလက်သီးတွင် ဗီတာမင်ဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ ကယ်လိုရီဓာတ် များစွာပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်နှင့် သကြားပါဝင်မှုနည်းပါသည်။

   ချောကလက်သီးတွင် ပါဝင်သော အဆီဓာတ်သည် ကိုယ်ခန္ဓာအတွင်း၌ရှိသော ကိုလက်စထရောများကို လျှော့ချပေးနိုင်သည့်အပြင် နှလုံးကျန်းမာရေးကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ အမျှင်ဓာတ်များစွာ ကြွယ်ဝသောကြောင့်လည်း အူလမ်းကြောင်းရောဂါ၊ အစာအိမ်နံရံရောင်ရမ်းခြင်းနှင့် အူလမ်းကြောင်းတွင် အနာဖြစ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ချောကလက်သီးကို ကိုယ်အလေးချိန် လျှော့ချသူများနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများလည်း စားသုံးပေးသင့်ပါသည်။

     ချောကလက်သီးသည် အသားအရေနှင့် ဆံပင်ကို ကျန်းမာလှပစေသောကြောင့် အလှအပထုတ်ကုန်များတွင်လည်း ထည့်သွင်းထုတ်လုပ်လာကြပါသည်။ ချောကလက်သီးသည် ခွေးနှင့်ကြောင် လေးများအတွက် ဓာတ်မတည့်သောကြောင့် စားသုံးမိသည့် အခါတွင် အဆိပ်သင့်နိုင် သောကြောင့် သတိပြုသင့်ပါသည်။ မြန်မာနိုင်ငံ၌စိုက်ပျိုးထွက်ရှိသော ချောကလက်သီးများကို ပြည်တွင်း၌ ရောင်းချ သည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိသောကြောင့် နိုင်ငံခြားဝင်ငွေများလည်း ရရှိပါသည်။

     ချောကလက်သီး ၂၅၀ ဂရမ်တစ်ထုတ်ကို လက်ရှိဈေးကွက်ထဲတွင် ၈၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်းလည်း သိရပါ သည်။

DOCA(ပဲခူး)