Main menu

ကျန်းမာရေးအတွက်ကောင်းမွန်သောစတော်ဘယ်ရီဖျော်ရည်အကြောင်းသိကောင်းစရာများ

Powered by Drupal
Fri, 05/23/2025 - 14:15 -- consumer_admin

   စတော်ဘယ်ရီဆိုသော နာမည်သည် အင်္ဂလိပ်အသံထွက် Strawberry ကို တိုက်ရိုက်ခေါ်ဆိုသော နာမည်ပင်ဖြစ်ပါသည်။စတော်ဘယ်ရီသီးရဲ့မူလအစက ပြင်သစ်နိုင်ငံကပင် ဖြစ်ပါသည်။စားသုံးသူတို့တွေ ခုစားနေသော စတော်ဘယ်ရီသီးဟာ Garden Strawberry ခေါ် စတော်ဘယ်ရီအယဉ်အမျိုးအစားဖြစ်ပါသည်။ထိုအမျိုးအစားကို ၁၈ရာစုနှောင်းပိုင်းလောက်တွင် ပြင်သစ်နိုင်ငံ ဘရစ်တီနီမြို့မှာ စတော်ဘယ်ရီအရိုင်းအမျိုးအစားကနေ စတင်မျိုးပွားစိုက်ပျိုးနိုင်ခဲ့ကြောင်း လေ့လာချက်များအရ တွေ့ရှိခဲ့ပါသည်။ စတော်ဘယ်ရီရဲ့ ရုက္ခဗေဒနာမည်ကတော့ Fragaria ananassa ဖြစ်ပြီး မျိုးရင်းကတော့ Fragaria ဖြစ်ပါသည်။Garden Strawberryအပင်က မြေလျှောက်ပင် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံက  အအေးပိုင်းဒေသတွေမှာ စိုက်ပျိုးကြပါသည်။

   စတော်ဘယ်ရီသီးရဲ့အရောင်က ပန်းနီရောင်ရှိပြီး သူ့ရဲ့အသားက အရည်ရွှမ်းကာ အနံကလည်းမွှေးသောအသီးဖြစ်ပါသည်။အခွံခွာစရာမလိုဘဲ ရေဆေးပြီး စားလို့ရပါသည်။အစေ့အနေနဲ့ကတော့ သရက်သီး၊ဆီးသီးစတဲ့အသီးတွေလို အတွင်းထဲမှာပါတာမဟုတ်ဘဲ စတော်ဘယ်ရီသီးရဲ့အပေါ်မှာ ပဲနှမ်းစေ့လိုမျိုးအစေ့လေးတွေအနေနဲ့ပါသောအသီးတစ်မျိုးဖြစ်ပါသည်။ထိုအစေ့လေးတွေကနေပဲ အပင်ဖြစ်အောင်ပြန်စိုက်လို့ရပါသည်။စတော်ဘယ်ရီသီးတလုံးတိုင်းရဲ့မျက်နှာပြင်အပေါ်မှာ ပျှမ်းမျှအားဖြင့် အစေ့ ၂၀၀ခန့်ပါဝင်ပါသည်။စတော်ဘယ်ရီသီးကို အချိုပွဲအဖြစ်ဒီအတိုင်းစားတာ လည်းရှိသလို ဖျော်ရည်ဖျော်သောက်တာ၊ဒိန်ချဉ်နဲ့ရောသောက်တာမျိုးလည်းရှိပါတယ်။ဒါ့အပြင် ဟင်းချက်တဲ့အခါမှာ ထည့်သုံးတာမျိုးလည်းရှိပါသည်။မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကိုဖျော်ရည် အဖြစ်အများဆုံးအသုံးပြုကြပါသည်။စတော်ဘယ်ရီဖျော်ရည်က သောက်ရတာ အရသာရှိသလို လန်းဆန်းစေနိုင်ပါသည်။ စတော်ဘယ်ရီသီးမှာ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါသည်။ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီ ဖျော်ရည်က ကျန်းမာရေးအတွက် အခုလို အထောက်အပံ့ပေးပါသည်။ အသွင်အပြင်လေး လှသလို နီနီရဲရဲလေးနဲ့ ချိုတဲ့ စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ခြေပြီး သကြားနဲ့ သောက်တာမျိုး ရှိသလို နို့စိမ်း၊ နို့ဆီ၊ နွားနို့တို့နဲ့ ရောပြီး ဖျော်၍သောက်သုံးရင်အလွန်ကောင်းမွန်ပါသည်။ စတော်ဘယ်ရီဖျော်ရည်တွင်  အာဟာရများစွာ  ပါဝင်နေပါသည်။ စတော်ဘယ်ရီဖျော်ရည်  တစ်ခွက်မှာဗီတာမင်C၊ပိုတက်ဆီယမ်၊ဖောလစ်အက်ဆစ်၊မဂ္ဂနိ့စ်၊ကော့ပါး၊ဇင့်၊ဗီတာမင် E၊ ကယ်လ် ဆီယမ်၊ဗီတာမင် ဘီ နဲ့သဘာဝအချိုဓာတ်များစွာပါဝင်နေပါသည်။စတော်ဘယ်ရီဖျော်ရည် ကပေးတဲ့ ကျန်းမာရေးအကြောင်းများမှာအရသာရှိတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို သောက်သုံးပေးတာကြောင့်အသားအရေကျန်းမာစေနိုင်သည့်အပြင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် C နဲ့ ဗီတာမင် Eပါဝင်မှုကြောင့် အရေးအကြောင်းတွေ၊ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါသည်။ အသက်အရွယ်ကြီးတာကြောင့်ဖြစ်လာတဲ့ တင်းတိတ်နဲ့ အမဲစက်တွေကို သက်သာစေနိုင်ပြီးအရိုးတွေကြံ့ခိုင်စေနိုင်တဲ့မဂ္ဂနိ့၊ ကော့ပါး၊ သံဓာတ်၊ ဖောစဖရိတ်၊ ပိုတက်ဆီယမ် နဲ့ ဇင့်တို့ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါသည်။ အရိုးမပါးအောင် အရိုးမပွအောင်ကာကွယ်ပေးနိုင်ပါသည်။သွေးတိုးကျစေနိုင်တဲ့ adicon၊ advertisement ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးတိုး ကျစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ သွေးကြောတွေကို ပြေလျော့စေနိုင်တာကြောင့် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံး သွေးကြောပိတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ဆီးချိုထိန်းညှိပေးတယ်စတော်ဘယ်ရီ မှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားများအတွက်လဲ သင့်လျှော် ပါသည်။သွေးလည်ပတ်မှုကောင်းစေတဲ့သံဓာတ် နဲ့ အခြား သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးလည်ပတ်မှု စနစ်ကို ကျန်းမာစေနိုင်ပါသည်။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်ပါသည်။ကင်ဆာကာကွယ်ပေးတဲ့ဗီတာမင် C၊ ellagic acid၊ phytonutrients နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် ကင်ဆာကို တိုက်ထုတ်ပေးနိုင်ပါသည်။ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပါသည်။ အနာကျက်မြန်စေနိုင်တဲ့ဗီတာမင် C၊ ellagic acid နဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အနာကျက် မြန်ဆန်စေပြီး အဖျားကိုလည်း မြန်မြန် သက်သာစေနိုင်ပါသည်။ ထိခိုက် ဒဏ်ရာရသူတွေ၊ ခွဲစိတ်ထားတဲ့သူတွေ စားသုံးပေးသင့်ပါသည်။စတော်ဘယ်ရီဖျော်ရည်ကို အရသာရှိရှိ​လေးသောက်ရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူး များစွာရရှိစေပါသည်။ စတော်ဘယ်ရီသီးမှာပါတဲ့အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေနည်းစေပါသည်။ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိသော စတော်ဘယ်ရီသီးဖျော်ရည်ကို သောက်သုံးသင့်ကြောင်းအကြံပြုတင်ပြအပ်ပါသည်။

DOCA(မန္တလေး)